ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ စစ်တပ်က လုံခြုံရေး တင်းကြပ်ထားပြီး ခံစစ်အနေအထားနဲ့ အတားအဆီးတွေ လုပ်နေသလို အသေးစား လေယာဉ်ကွင်းတွေပါ အရေးပေါ် ဖောက်လုပ်နေကြောင်း သိရပါတယ်။

“အမှတ် ၃၆ ခြေလျင်တပ်ရင်းရဲ့ အနောက်မှာရှိတဲ့ ငါးပြင်မရိုးက ဒေသခံတွေကို ရွှေ့ပြောင်းခိုင်းနေတာ။ ဟတ်စကီးကွင်းလား လေယာဥ်ကွင်းလား မသိဘူး။ မနက်ကတော့ စစ်တပ်ထဲက စက်ယန္ဒရားတွေကို လုံခြုံရေးတွေနဲ့ မောင်းသွားတယ်” လို့ ကျုံပျော်မြို့မှာ နေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“ဘာမှကြိုတင်မပြောထားဘဲ ချက်ချင်းအရေးပေါ်ဆိုပြီး ပြောင်းရွှေ့ခိုင်းတာ မသိရင် အခုပဲ စစ်ဖြစ်တော့မယ့် ပုံစံမျိုးလုပ်ပြီး အတင်းအဓမ္မ ရွှေ့ခိုင်းခြင်း ခံခဲ့ရတာ” လို့ ငါးပြင်မရိုးမှာ နေထိုင်သူတစ်ယောက်ကလည်း ဆိုပါတယ်။

ကျုံကျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲဒေသကို စစ်ဆင်ရေး စေလွှတ်ခံရကာ အများအပြား သေဆုံးခဲ့သလို ရုပ်အလောင်းမပါဘဲ ရက်လည်ဆွမ်းသွပ်တွေ တန်းစီလုပ်ခဲ့ကြရသေးတယ်လို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။

အဲဒီအချိနိ ခလရ ၃၆ တပ်ရင်းထဲမှာပဲ နောက်တန်းအင်အားအဖြစ် ကျန်နေခဲ့ရသူတွေထဲက နောက်တန်းမှူး ဗိုလ်မှူး စိုးထက်အောင် ထပ်ထဲကနေ ထွက်ပြေးသွားခဲ့လို့ စစ်တပ်က အပူးတပြင်း လိုက်ရှာခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆီဆိုင်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားတဲ ပွန်ချောင်းတံတား ပြန်လည်တည်ဆောက်နေတဲ့ ပုံရိပ်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

NUG ပြည်ထောင်စုဝန်ကြီးချုပ် PDF တွေနဲ့ ပကဖ တွေကို တွေ့ဆုံအားပေးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အဖွဲ့က နှစ်သစ်ကူးကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ၊ ကမ္မမြို့အရှေ့ဘက်ရှိ ရှင်မကန်ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်း သေဆုံးဟု ဆို

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်ဘက်က အနည်ဆုံး ၁၅ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။