မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။

စလင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေတင်းမာဖို့ရှိတာ​​ကြောင့် စလင်းပကဖကို အရေး​ပေါ် ရံပုံငွေ ၃ သိန်း ထည့်ဝင်ပေးဖို့နဲ့ ထည့်ဝင်သူရဲ့ လူပုဂ္ဂိုလ်

အကျိုးစီးပွား အပါအဝင် ပိုင်ဆိုင်တဲ့ အဆောက်အဦတွေကို ထိန်းသိမ်းပေးသွားမယ်ဆိုပြီး စာအတုနဲ့အတူ အလှူငွေ​လိမ်ညာကောက်ခံတာတွေရှိနေတဲ့အတွက် အခုလို သတိပေးစာထုတ်ပြန်ရတာလို့လည်း သိရပါတယ်။

ဒီလုပ်ရပ်ဟာ စလင်းပကဖနဲ့ မသက်ဆိုင်ကြောင်းနဲ့ အခုလိုမျိုး တော်လှန်ရေး ပုံရိပ်ကို အသုံးချနေသူတွေကိုလည်း စုံစမ်းအရေးယူသွားမယ်လို့ စလင်းပကဖ တာဝန်ရှိသူ ကိုအောင်ဆန်းက ပြောပါတယ်။

စလင်း ပကဖ ပုံရိပ်အသုံးပြုထားသော ငွေတောင်းခံစာ

“စာပို့ခံရတဲ့ပြည်သူတွေက ကျနော်တို့ရဲ့ပေ့ချ်၊ တယ်လီဂရမ်နဲ့ ဖုန်းတွေကနေဆက်သွယ်‌ပြီး ဟုတ်မဟုတ် မေးမြန်းကြလို့ သိရတာပါ။ ကျနော်တို့ သိထားရသလောက်ဆို စလင်းမြို့နယ်ထဲက လုပ်ငန်းရှင်တော်တော်များများကို ပို့ခံထားရတယ်ဗျ။ အရေအတွက်တော့ အတိအကျမသိရသေးဘူး။ အခုတော့ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး တွေ့ရှိတာနဲ့ ထိထိရောက်ရောက် အရေးယူမှုတွေလုပ်သွားမှာပါ။” လို့ စလင်းမြို့နယ် ပကဖ တာဝန်ရှိသူ ကိုအောင်ဆန်း က မောင်းကိုပြောပါတယ်။

နောက်ထပ်အလားတူ ခြိမ်းခြောက်လိမ်လည်စာတွေရလာရင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- စလင်းရဲ့တရားဝင်ဖုန်းနံပါတ်ဖြစ်တဲ့ 09952666557 ကို ဆက်သွယ်စိစစ်သွားဖို့ စလင်းပကဖ က ထုတ်ပြန်ထားပါတယ်။

အလားတူ ရှေ့ပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ မန္တလေးတိုင်း ၊ မြင်းခြံခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်ကိုအသုံးချပြီး အရပ်သားလုပ်ငန်းရှင်တွေဆီက ငွေကြေးလိမ်လည် ခြိမ်းခြောက်တောင်းခံတဲ့ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စလင်းပကဖအဖွဲ့သားများ တက်ရောက်စစ်ဆေးခဲ့စဥ်
စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ စလင်းပကဖအဖွဲ့သားများ တက်ရောက်စစ်ဆေးခဲ့စဥ်

0 Shares:
You May Also Like
Read More

စစ်တပ်ဝါဒဖြန့် MRTV မှ ပြည်သူစိတ်ဝင်စားသည့် အစီအစဉ်ကောင်းများ ပြသဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ညွှန်ကြား

စစ်ကောင်စီက ထိန်းချုပ်ထားပြီး နေ့စဉ် အများပြည်သူကို ဝါဒဖြန့်နေတဲ့ MRTV အနေနဲ့    ပြည်သူတွေစိတ်ဝင်စားတဲ့ အစီအစဉ်ကောင်းတွေ ပြသဖို့ အာဏာသိမ်း  ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ရွှေဘိုမြို့တွင် စစ်တပ်နှင့်ဆက်နွယ်သူများသာ သွားသည့် GYM ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က စစ်သား၊ ရဲတွေနဲ့ သူတို့ရဲ့ ပတ်သက်ဆက်နွယ်နေသူတွေသာ လာကြတဲ့ အားကစားခန်းခ (GYM) ကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးနှင့် တမူးဒေသများမှ တိုက်ပွဲပြန် BLDF ရဲဘော်များကို ဒေသခံ ပြည်သူလူထုက နွေးထွေးစွာ ဂုဏ်ပြုကြိုဆို၊ စစ်ဆင်ရေးများအတွင်း BLDF ရဲဘော် ၄ ဦးကျဆုံးခဲ့ …

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ကွပ်ကဲမှုနဲ့ မန္တလေးဒေသ၊ ရှမ်း-မန်း စစ်ဆင်ရေး နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ တမူးဒေသစစ်ဆင်ရေးတွေမှာ လပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ မိခင်တပ်ရင်းတွေဆီပြန်လာတဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကရဲဘော်တွေကို ဒေသခံ ပြည်သူလူထုက နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရွှေစက်တော်ဘုရားအနီး စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းစစ်ဆင်ရေးပြုလုပ်

ရွှေစက်တော်ဘုရားအနီးက စစ်ကောင်စီရဲ့ လက်ပတော ရဲစခန်းကို ဒရုန်းဗုံးသီးအလုံးရေ ၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး ထွက်လာသည့်စစ်အုပ်စုတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးထွက်လာတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖဆီက သိရပါတယ်။