စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျောက်ဆည်ကန်ရွာအနောက်ဘက်မှာ အထိုင်ချတပ်စွဲဖို့ ပြင်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၇၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လက်လုပ် ရှော့တိုက်ဒုံး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် -တပ်ရင်း ၄ ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်မှုကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီစစ်ဆင်ရေးကို ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနဲ့ ခင်ဦးမြို့နယ် Rocket (Not Afraid Anything-Khin U) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

MRTV အသံလွှင့်တာဝါတိုင်ကုန်းကို သိမ်းပိုက်စဉ် စစ်ကူလာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်)စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် ဂျန်ဘာယာဉ် ၆ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ကန်နီရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ‌စောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ကန်နီရွာမြောက်ဘက်ကို မြေပဲဖော်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၂၀ ရက်က RC Plane၊ Drone နဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ 𝐌.𝐏.𝐋 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐅𝐨𝐫𝐜𝐞 အဖွဲ့ထံက သိရပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး နောက်ပြန်ဆုတ်ပြေး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် မနက် ၇ နာရီခန့်မှာ နတ်မောက်မြို့နယ် မြင်းတဲကြီးရွာကနေ အင်အား ၉၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ သိရပါတယ်။
Read More

သာစည်ကျေးရွာရဲကင်းကို လက်နက်ကြီး ၆ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ကျေးရွာရဲကင်းကို နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ၆၀ မမ လက်နက်ကြီး ၃လုံး၊ လက်လုပ်လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမှာ ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)