တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီရဲ့ စရဖရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ ခဲယမ်းအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၆ ရက် ညပိုင်းမှာ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ပုလောမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ စရဖရုံးကို ဝင်ရောက်စီးနင်းခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စတင်ပစ်ခတ်တာနဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်(၆)ချက်ခန့် ရမ်းသမ်းပစ်ဖောက်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ PDF Myeik District Battalion 1 – P23401)

မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက စရဖရုံးကို ဝင်ရောက်ရှာဖွေရာ သေနတ်ကျည်ဘောက်(၂)ခုနဲ့ ကျည်အတောင့် (၁၀၀) နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အကြမ်းဖက် စရဖရုံးကို မီးရှို့ရှင်းလင်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ PDF Myeik District Battalion 1 – P23401)
0 Shares:
You May Also Like
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

ဘောလခဲမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ရှိ ချိကွဲ့ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ယောက်သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့တယ်လို့ Bawlakhe PDF က ထုတ်ပြန်ထားပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဥသျှစ်ပင်မှာ တစ်ရက်အတွင်း အသက်မပြည့်သူတွေအပါ အရပ်သား ၂၅ ယောက်ထက်မနည်း ပေါ်တာဆွဲခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၂၅ ယောက်ထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည် ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ကျော်ကို လက်ခံဆောင်ရွက်နိုင်ခဲ့

ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားတွင် မြန်မာပြည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မြန်မာ့အရေး သတင်းစာရှင်းလင်းပွဲနဲ့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။