ရန်ကုန်မှာ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းမိကြောင်း အကြမ်းဖက်စစ်ကောင်စီက ဒီရက်ပိုင်း ထုတ်ပြန်ကြေညာမှုတွေ လုပ်ဆောင်လာနေသလို စစ်တပ်လော်ဘီချန်နယ်တွေမှာလည်း ဒီသတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုတွေ လုပ်ဆောင်လာနေပါတယ်။

တကယ့်မြေပြင်မှာ အခုလိုမျိုး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေအတွင်း မြို့ပြ UG တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနည်းငယ်သာ ပါဝင်ကာ UG ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စစ်ကောင်စီက တွေ့သမျှ ပြည်သူတွေကို ဖမ်းဆီးပြီး ဆွဲထည့်နေတယ်လို့ မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

“အခြေအနေတွေကတော့ မြင်တဲ့အတိုင်း ဆိုးဝါးနေတာဖြစ်လို့ မလိုဘဲ အပြင်မထွက်ပါနဲ့။ သက်ဆိုင်ရာ အဖွဲ့များကိုလည်း တတ်နိုင်သလောက် အားဖြည့်ကူညီပေးကြပါ။ ကျနော်သိရသလောက်ဆို တလရ ရဲဘော်တွေရော အရပ်သားပေါ်တာ အဖမ်းဆီးခံရောပေါင်းရင် ကျန်ခဲ့တဲ့လမှာ ၆၀၀ ထက်မနည်း ဖြစ်နေပါပြီဗျ။ တစ်ခါတစ်လေ ကျွင်းထဲက သားကောင် မြေပေါ်တက်အောင် လုပ်တာတွေလည်းရှိတယ်ဆိုတော့ အတိအကျရယ်တော့ သူတို့သတင်းလည်း အတည်ပြုလို့မရပြန်ဘူး။ ကျနော့်လူတွေကတော့ အပွန်းအပဲ့ တစ်ခုမှ မရှိသေးပါဘူးဗျ။ RUC အနေနဲ့ စုဖွဲ့ပြီးချိန်ကစလို့ အခုချိန်ထိပေါ့။ FLA အဖွဲ့ကတော့  ဖမ်းဆီးခံရတဲ့ လူငယ်အချို့ရှိတယ်။ လက်နက်ခဲယမ်းပါမပါကိုတော့ အတည်ပြုလို့ မရသေးဘူး” လို့ Rangoon Urban Column (RUC) တပ်ဖွဲ့တာဝန်ရှိသူ  ကိုထက်ခေါင်က မောင်းကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်မြို့ နေရာအနှံ့မှာ လူဆိုးလူမိုက်ဂိုဏ်းတွေအပါအဝင် သတင်းပေးတွေ စေလွှတ်ထားကာ မြို့ပြတော်လှန်ရေး ရဲဘော်တွေကို စုံစမ်းထောက်လှမ်း ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

“တလရ ရဲဘော်တွေကတော့ လုံခြုံရေးကို အထူးမပေါ့လျော့ဖို့ပဲ မှာချင်ပါတယ်။ ဒါကတော့ တလရ ရဲဘော်တွေကို အထူးမှာစရာတော့ မလိုဘူးလို့ထင်ပါတယ်။ အားလုံးက သဘောပေါက်ပြီးသားဆိုတော့၊ ရဲဘော်တစ်ယောက်ရဲ့ လုံခြုံရေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ မဟာမိတ်ရဲဘော်တွေ အားလုံးရဲ့ လုံခြုံရေးနဲ့တိုက်ရိုက်အချိုးကျနေတယ်ဆိုတာကို ပိုပြီးသတိပြုပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ လုံခြုံရေးကအစ လုံခြုံမှ အဖွဲ့အစည်းတစ်ခုလုံးရဲ့ လုံခြုံရေး စိတ်ချရနိုင်တယ်ဆိုတာကို သတိရပေးပါ၊ ဂရုစိုက်ပေးပါလို့ပဲ ပြောချင်ပါတယ်” လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ သရဝဏ်က မောင်းကို ပြောပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှာ Linn Yaung Ni Youth Organization_LYNYO၊ Mayangone Democratic Front_MDF၊ Owl Community နဲ့ Kyimyindaing Networks_ KMD18 တို့ပါဝင်ပြီး စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ လူထုတော်လှန်ရေး ဆက်လုပ်ကြဖို့ “ဆက်လျှောက် Keep Moving On” လှုပ်ရှားမှုကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KPLA တပ်ရင်း(၉၄၂၀) ကျဆုံးရဲဘော်များကို ရည်စူးပြီး သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) KPLA-တပ်ရင်း ၉၄၂၀ အနေနဲ့ ပြည်သူ့လွတ်မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ရည်စူးပြီး သံဃာတော်တွေကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းနဲ့ ဝတ္ထုကပ်လှူတာတွေကို ဘာသာရေးထုံးတမ်းစဥ်လာတွေနဲ့အညီ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံး ပျက်စီး

အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးပစ်ခတ်မှု အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား ၂ ယောက် သေ၊ ၉ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူမြို့က လေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိလိုင်းခန်းနဲ့ ဘားတိုက်တွေထိမှန်ပြီး စစ်သား၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၉ယောက်အထိရှိခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၆ ဦး သေပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကိုခြေကုပ်ယူဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၆ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က မနေ့က ထုတ်ပြန်ပါတယ်။