လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။

ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲထားတဲ့စခန်းတွေကို ဒီဇင်ဘာလ၂၃ ရက်နေ့က စတင်ပြီး  ထားဝယ်ခရိုင်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေကို ဒေါနစစ်ကြောင်း တပ်ခွဲ ၇၊ ဖက်ဒရယ်ဓူဝံတပ်ဖွဲ့နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီမြို့ ကျောက်ခက်မှာ နေရပ်ပြန်လိုတဲ့ နိုင်ငံခြားသားတွေနဲ့ DKBA တို့ ပဋိပက္ခဖြစ်ပွား (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကျောက်ခတ်မှာ ဧပြီ ၁၃ ရက် မနေ့က ကျားဖြန့်လုပ်ငန်းနဲ့ ဆက် စပ်မှုရှိတဲ့ နိုင်ငံခြားသားတွေကို ထိန်းသိမ်းထားရာမှာ နေရပ်ပြန်လိုတဲ့အတွက် ဆန္ဒပြခဲ့ရာကနေ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့ရှိ ပြိုကျနေသည့် အဆောက်အအုံအောက်တွင် နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေသည့် အမျိုးသား ၁ ယောက်ကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းမြို့ရှိ ပြိုကျနေတဲ့ အဆောက်အအုံအောက်မှာ နာရီပေါင်း ၁၀၀ ကျော် ပိတ်မိနေတဲ့ အမျိုးသား ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ထွန်းကိုကိုက ရုပ်သံနဲ့တကွ ဖော်ပြခဲ့ပါတယ်။
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အညာစစ်ဒေသအတွက် တပ်သားများ ခေါ်ယူ (ရုပ်/သံ)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က အမှတ် (၃၀၈) အညာစစ်ဒေသအတွက် တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူသွားမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများထံ အသိပေးထားပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီဟာ ရှမ်းမြောက်က ဘာသာရေး အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေ (ရုပ်/သံ)

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့က ဘာသာရေးအဆောက်အအုံတွေကို စစ်ကောင်စီက လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။