စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က လွတ်လပ်ရေးနေ့မှာ သူ့ရဲ့ အကြမ်းဖက်စစ်တပ် အရာရှိ ၉ယောက်ကို စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 

မြန်မာစစ်တပ်ဟာ ရှေ့တန်းစစ်မြေပြင်ကို တပ်ကူ၊ ရိက္ခာ လုံလောက်တဲ့ ပံ့ပိုးမှုမျိုးတွေ လုပ်ဆောင်မပေးဘဲ တိုက်ပွဲမှာ အရာရှိတွေ သေသွားရင်တော့ ရာထူးတိုး ဆုတံဆိပ်တွေ ပေးအပ်လေ့ရှိပါတယ်။ 

မနေ့က ဂုဏ်ထူးဆောင်ပေးအပ်ခံရတဲ့ ၉ယောက်ထဲမှာ ထိပ်ဆုံးကပါတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးကတော့ ရခိုင်ပြည်နယ် မောင်တောအခြေစိုက် အမှတ် ၅ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၅) ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်ချိန်အတွင်း ထွက်ပြေးရင်း မိုင်းနင်းမိ သေဆုံးကာ အခုလို ဆုတံဆိပ် ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

စစ်ဘက်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို တက်ရောက်လာတဲ့ အကြမ်းဖက် မင်းအောင်လှိုင်

“နခခ ၅ က ဗိုလ်ကြီးအောင်နေမျိုးပေါ့။ သူက ယာယီတပ်မမှူးပေါ့။ သူ့ကိုလည်း ပေးလိုက်တယ်ပေါ့။ ပြီးတော့ နောက်တစ်ယောက်က အမ်းအခြေစိုက် ၂၃၀က ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း.. သူ့ကိုလည်း ရာထူးတိုးပြီး ပေးလိုက်တာတွေရတယ်။ အဲဒီထဲမှာဆိုရင် ကျနော်သိတဲ့ ရဲမှူးချုပ် မျိုးသူရနောင် သူက စစ်တက္ကသိုလ် အပတ်စဥ် ၄၃ ကျောင်းဆင်း၊ ကချင်ပြည်နယ်ရဲတပ်ရင်း G1 အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒီကနေမှ နယ်ခြားစောင့်ရဲတပ်​ဖွဲ့တွေရဲ့ ရဲစုမှူးဆိုပြီး ရာထူးတိုးသွားတယ်။ နခခ၅မှာ ခံစစ်ဆင်တဲ့နေရာမှာ သေဆုံးတာ။ သူ့ကိုလည်း တစ်ဆင့်တိုးပြီး ပေးလိုက်တာရှိတယ်။ စစ်ကောင်စီအနေနဲ့ ရခိုင်ဒေသမှာ အသေခံပြီး တိုက်တဲ့သူတွေကို စွမ်းရည်မြင့် ဘွဲ့တံဆိပ်တွေပေးလိုက်တာက မင်းတို့အသေခံပြီးတိုက်ရင် စွမ်းရည်မြင့် ဘွဲ့တံဆိပ်တွေပေးမယ်ပေါ့။ ကျန်တဲ့သူတွေလည်း အဲ့လို အသေခံပြီးမတိုက်ရင် ဘာခံစားခွင့်မှ မရဘူးဆိုတဲ့ သဘောမျိုးမြင်မိပါတယ်” CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ဟာ စွမ်းဆောင်ရည်ရော စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ ထိုးကျနေတာကြောင့် တိုက်ပွဲတွေမှာ အညံ့ခံတာတွေ၊ စစ်မြေပြင်ကနေ ထွက်ပြေးရတာတွေ များလာပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ် ထိပ်ပိုင်းအရာရှိတွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေနဲ့ အသိအမှတ်ပြုပြကာ တိုက်ပွဲမှာ အသေခံ တိုက်ခိုင်းနေတာပဲ ဖြစ်ပါတယ်။

စကစ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာမှ ဂုဏ်ထူးဆောင်ဆုရ ကြေညာချက်

“စစ်ကောင်စီကတော့ သူ့လူတွေကို အခုလိုမျိုး အသေခံ တိုက်တဲ့သူတွေကို ဂုဏ်ယူတယ်ပေါ့နော်။ တကယ်တမ်းက စစ်တပ်ထဲမှာ ဆိုရိုးရှိတယ်။ သူရဲကောင်းဆိုတာ စစ်သင်္ချိုင်းမှာပဲ ရှိကြတာ.. စစ်သင်္ချိုင်းကို အရောက်သွားမလား၊ တချို့ဆိုရင် စစ်သင်္ချိုင်းကို မရောက်ဘဲ လမ်းခုလတ်မှာ အလောင်းပျောက်ဆုံး ရေထဲမျောပါတဲ့အထိ ဖြစ်လာတာကို တွေ့ရတယ်။ သူတို့ ဘယ်လိုပဲ စိတ်ဓာတ်မြှင့်တင်ရေးတွေလုပ်လုပ် အသေခံတိုက်မယ့်သူကတော့ အတော်လေးကို ရှားလာပြီ။ ဇွတ် အသေခံခိုင်းထားတဲ့ အနေအထားမျိုး တွေ့ရတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၆ သောင်းခွဲအထိ မြင့်တက်လာ

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေဟာ ၆ သောင်းခွဲကျော်အထိ ရှိလာကြောင်း  FE5 Tanintharyi က ထုတ်ပြန်လိုက်ပါတယ်။  
Read More

မြင်းခြံတွင် လမ်းသွားလမ်းလာများကို ဆက်ကြေးကောက်နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ လမ်းသွားလမ်းလာ ပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကဝမြို့နယ် ပကဖ မှ NUG ကာကွယ်ရေးဝန်ကြီးဌာန ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်များအကြောင်း (၅) ရက်တာ ဆွေးနွေးပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရှိ ရဲဘော်ရဲမေတွေကို ပကဖ များ လုပ်ငန်းလမ်းညွှန်၊ ပကဖ ဖွဲ့စည်းပုံ၊ PDF တပ်ရင်း စံပြုတည်မြဲအမိန့်နဲ့ စစ်သည်တော်ကျင့်ဝတ်တွေ စတဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ ညွှန်ကြားချက်တွေအကြောင်း (၅)ရက်တာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်အုပ်စု၏ SP ရုံးတိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ် ၂ ဦးအပါ ၇ ဦးသေဆုံး

“ စခတွေဘက်ကသေဆုံးမှုကိုတော့ ပြောပြလို့မရတဲ့ သတင်းအရင်းအမြစ်တွေကနေသိရတာပါဗျ၊ နာမည်တွေပါ အတိအကျသိပါတယ် ထုတ်ပြန်ဖို့အခက်အခဲရှိလို့ပါဗျ ပစ်ခတ်မှုဖြစ်ပြီး ည ၁၂ နာရီ လောက်မှာ ပျူတွေမြို့လယ်ခေါင်မှာ သေနတ်တွေဖောက်ပါတယ် ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

စမ်းချောင်းမြို့နယ်မှာ မီးစက်မှထွက်သည့် မီးခိုးငွေ့ကြောင့် မိသားစုဝင် ၄ ဦးနှင့် အိမ်မွေးခွေး ၁ ကောင် အသက်ရှုရပ် သေဆုံး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရွှေလောင်းလမ်းရှိ အိမ်နံပါတ် ၄၄ / ၄လွှာမှာ နေထိုင်တဲ့ မိသားစုဝင် ၄ ယောက်နဲ့ အိမ်မွေးခွေး ၁ ကောင်ဟာ မီးစက်က ထွက်တဲ့ မီးခိုးငွေ့ကြောင့် အသက်ရှုရပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။