စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။

ကျူးလွန်သူတွေကို အမြန်ဆုံး ရှာဖွေ အရေးယူပေးဖို့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်၊ CDM နိုင်ငံ့ဝန်ထမ်းများကောင်စီအပါအဝင် အခြားသော CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့တွေက တိုက်တွန်းတောင်းဆိုနေကြတာပါ။

ဦးအရိန္ဒမာဟာ NUG စိုးမိုးနယ်မြေဖြစ်တဲ့ ကောလင်းမြို့ အနောက်ဘက်ခြမ်းမှာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေသလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းနေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီး တော်လှန်ရေးတာဝန် လုပ်ဆောင်နေသူတွေအနေနဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးတဲ့ လုပ်ရပ်တွေကိုလည်း ကန့်ကွက်ရှုတ်ချတယ်လို့ CDM အဖွဲ့အစည်းတွေက ဆိုပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ် အခုလို လက်နက်ကိုင်ထားပြီး ပြည်သူကို အကြောင်းရင်းမဲ့ တရားဥပဒေမဲ့ ကျင့်သုံးဆောင်ရွက်နေခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြစ်မှုကျူးလွန်သူကို ရှာဖွေ အရေးယူပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အမှန်တရားဘက်ကနေ ရပ်တည်ပြီး တိုင်းပြည်နဲ့ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ တိတိကျကျ အဂတိကင်းကင်းလုပ်နေတဲ့ ဦးအရိန္ဒမာကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကဖြစ်စေ လုပ်ကြံသတ်ဖြတ်တာကို ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၂ ရက် နေ့လည် ၂ နာရီလောက်မှာ ကောလင်းမြို့နယ် ရွှေတွင်းနဲ့ ရှမ်းကလုံးကျေးရွာအစပ်မှာ ဦးအရိန္ဒာမာ မတရားလုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ NUG သယံဇာတဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

မူလက ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးတယ်လို့ သတင်းရခဲ့ပေမယ့် စုံစမ်းစစ်ဆေးတဲ့အခါ သေနတ်ပစ်ခံထားရတဲ့အကြောင်း NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်က သူ့လူမှုကွန်ရက်မှာ ဇန်နဝါရီ ၂ ရက်နေ့က ရေးသားပါတယ်။

ဦးအရိန္ဒာမာဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အရာရှိတစ်ယောက်ဖြစ်ပြီး သေဆုံးချိန်မှာ သမီးတစ်ယောက် ကျန်ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့အနီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၂ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို ICC ထံပို့ပြီး ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်မှသာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခက ကင်းလွတ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလကိုတောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကုလက လွှဲပြောင်းပေးပြီး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အမြန်ဆုံး ပြစ်ဒဏ်ကျခံဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ပခုက္ကူမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် လူမရှိဘဲ သေနတ် ၁ လက်သာ တွေ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ လုပ်ဆောင်ပေမယ့် လူမရှိတာကြောင့် တွေ့ရှိတဲ့ သေနတ် ၁ လက်ကိုသာ သိမ်းဆည်းခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါ စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်၊ အရာခံဗိုလ်အပါ စစ်သား ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဟင်္သာကြီးကျေးရွာ ပျူစောထီးစခန်းအပါအဝင် စစ်ကောင်စီ အထိုင်စခန်း (၃)ခု ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာခံဗိုလ်အပါအဝင် အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံခရိုင် အမှတ်(၉) တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁၆) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း (Myingyan Black Tiger-MBT) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။