စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ BLACK COBRA COLUMN က ဒီနေ့ ဇန်နဝါရီ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် အဓိကအားဖြင့် တနင်္သာရီ – မောတောင်လမ်းပိုင်းကို အများပြည်သူတွေအနေနဲ့ လတ်တလော အသုံးမပြုဖို့လည်း တားမြစ်လိုက်ကြောင်း ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။

တနင်္သာရီ – မောတောင်လမ်းမကြီးတလျှောက် ရေဖြူကျေးရွာကနေ သဲဖြူကျေးရွာအထိ၊ သဲဖြူကျေးရွာကနေ မောတောင်နယ်စပ်အထိ မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်း မပြုဖို့ BLACK COBRA COLUMNက ပြောပါတယ်။

BLACK COBRA COLUMN ၏ ထုတ်ပြန်ချက်

တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိ ဇန်နဝါရီလ ပထမပတ်ထဲမှာ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။ လက်ရှိ တနင်္သာရီအနီးက သိန်ခွန်း၊ သဲဖြူ၊ ထုံခါနဲ့ အမှတ် (၉) ရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့် စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

တနင်္သာရီနဲ့ မောတောင် လမ်းပိုင်းတစ်လျှောက်မှာ စစ်ကောင်စီဂိတ်တွေလည်း တည်ရှိပြီး ထိုင်းနိုင်ငံနဲ့ နယ်စပ်ဂိတ်ဖြစ်တဲ့ မောတောင်ဂိတ်ဟာ တနင်္သာရီမြို့နဲ့ မိုင်၆၀ ကျော် ကွာဝေးပြီး ကုန်သွယ်ရေးလမ်းကြောင်းတချို့လည်း ရပ်တန့်လျက် ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း (၄) နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ 96 Soldiers-PDF - အညာတပ်ခွဲက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးခရိုင် PDF တပ်ရင်း ၂ ၏ စစ်တောင်းမြစ်ဝှမ်းဒေသ မြေပြင်စစ်ရေးလှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ဗျူဟာအမှတ် ၂၅ ၊ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း (P2-3702)၊ တပ်ခွဲ ၁ ရဲဘော်တွေရဲ့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြင်စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် ၁၇၀၁ ထောက်ပို့တပ်ရင်းက မွမ်းမံသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

မြိုင်နဲ့ ပခုက္ကူအစပ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး…

မကွေးတိုင်းထဲက မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဒေသခံ ၂ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၂၄ ရက် မနေ့က ညပိုင်းမှာ အကြမ်းဖက်စစ်တပ်က ပါရာမော်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် စက်လက်သေနတ်တွေနဲ့ပါ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ပခုက္ကူ ၁၀၁ ကနေ ပါရာမော်တာ ၃ စီးတက်လာတာပေါ့နော်။ အဲ့လိုနဲ့ ပခုက္ကူနဲ့ မြို့ကြားအစပ်က ကျေးရွာပေါ့နော်။ ကျွန်တော်တို့ကတော့ နာမည်ထည့်မပြောတော့ဘူးနော်။ အဲ့လိုနဲ့ အဲ့ကျေးရွာကို ဗုံး ၂လုံး အရင်ကြဲချတာပေါ့နော်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားလာနိုင်တဲ့ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းစီမံကိန်း ပြန်လည်စတင်မယ်လို့ စစ်ကောင်စီ ထုတ်ပြန်

စစ်ရိပ်စစ်ငွေ့သန်းနေပြီး တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားလာနိုင်တဲ့ ကျောက်ဖြူမြို့မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်စတင်သွားမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။