တပ်ရင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ ပစ္စည်းအချို့ကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုလုပ်ဖို့ မြိုင်ပကဖ က မနေ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာ ရရှိထားတဲ့ လက်နက်တွေဟာ လူထုရဲ့ ချွေး နည်းစာမှ ဖြစ်တာကြောင့် မိမိရဲ့ လတ်တလော ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် လုံး၀သုံးစွဲခွင့်မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မဖြစ်မနေ အခက်အခဲများနဲ့ ကြုံတွေ့လာပါက  သက်ဆိုင်ရာ တိုက်နယ်၊ မြို့နယ် ၊ကျေးရွာ နီးစပ်ရာ ဇုန်များက တာဝန်ခံ တို့ထံညှိုနှိုင်းပြီး အကူအညီတောင်းခံရမယ်လို့ ဆိုပါတယ်။ 

လက်နက်ခဲယမ်း ရောင်းချမှုကို အလွဲသုံးစားပြုလုပ်သည်ဟု တွေ့ရှိပါက ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ စစ်သားတစ်ယောက်ကို လက်နက်ခဲယမ်းနှင့်တကွ နေပြည်တော် ပကဖ ခေါ်ထုတ်နိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရင်ခွင်ဌာနနဲ့ ချိတ်ဆက်ပြီး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အဓမ္မပြည်သူ့စစ်မှုထမ်းစုဆောင်းခံခဲ့ရသူ စစ်ကောင်စီတပ်သား ၁ ယောက်ကို သွားရောက်ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာက ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲမှာ တရုတ်ကိုထွက်ပြေးသွားတဲ့ မြန်မာစစ်သားတွေကို တရုတ်ကပြန်လည်လွှဲပြောင်း

KIA ရဲ့ထိုးစစ်ကြောင့် ကန်ပိုက်တီကနေ တရုတ်နိုင်ငံထဲ ထွက်ပြေးဆုတ်ခွါသွားရတဲ့ စစ်ကောင်စီတပ်သား၃၀၀ကျော်ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မှာ ​​ဗျူဟာမှူးလဲပြီး ပြန်လာတဲ့စစ်ကြောင်းက စစ်ရှောင်ရွာကို ဝင်စီးရင်း ဆန်နဲ့ အိမ်မွေးတိရိစ္ဆာန်တွေအပါအဝင် ဆိုင်ကယ်တွေကို ခိုးယူသယ်ဆောင်သွား…

"မြိုင် စက်မှု (၂) စစ်ကြောင်းက ဗျူဟာမှူးနဲ့ ပခုက္ကူကနေ မြိုင်အရှေ့တောင်ပိုင်း ညောင်တွင်းရွာကို ထ်က်လာတဲ့စစ်ကြာင်းက ဗျူဟာမှူးတို့ ချိန်းပြီး အဲ့ရွာမှာညအိပ်ကြတယ်။ ဘာလို့ချိန်းတာလဲတော့မသိပါဘူး။ န​​ယ်မြေအနေအထားကျွမ်းတဲ့သူကိုချိန်းတာလား။ ကျန်းမာရေးအခြေအနေကြောင့်လား။နယ်မြေအနေအထားအရ စစ်ပန်းနေလို့လားဆိုတာတော့တိတိကျကျမသိရပါဘူး။ စစ်ကြောင်းရိက္ခါတွေဝင်ခိုးယူတဲ့တဲတွေက လူတွေလွတ်အောင်ပြေးနိုင်ခဲ့လို့လွတ်တာပါ။ နို့မို့မိခဲ့ရင် အသက်ခံရမှာ"