ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က တောင်ငူ(ကေတုမတီ) လေတပ်စခန်းဌာနချုပ်ကို ၆ကြိမ်မြောက် ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်မှုမှာ လေတပ်ဦးစီးအရာရှိ ၁ယောက်အပါအဝင် သေဆုံးသူ ၇ယောက် ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၁၀ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှော့တိုက်ဒုံးတွေက  လေယာဉ်ဂိုဒေါင်ကို ထိမှန်ကာ K8 လေယာဥ်တွေနဲ့အတူ လေယာဥ်ပြေးလမ်း၊  လေတပ်အုပ်ချုပ်ရေးရုံး၊ အရာရှိရိပ်သာနဲ့ အရာရှိအိမ်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း  Brave Warriors For Myanmar ( BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

၇၇နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၄ရက်၊ မနေ့က မနက်အစောပိုင်းမှာ Brave Warriors For Myanmar (BWM) နဲ့ ပူးပေါင်းအဖွဲ့တွေက တောင်ငူ(ကေတုမတီ) လေတပ်ဌာနချုပ်ဝန်းထဲကို  ၁၀၇မမ ရှော့တိုက်ဒုံး ၁၂လုံး ပစ်ခတ်တိုက်ခိုက်ရာမှာ ၁၀လုံးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ပစ်ခတ်နေပုံ (ဓာတ်ပုံ BWM)

BWM ရဲ့ Mission 28 အဖြစ် ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေက ဌာနချုပ်ဝန်းထဲက နေရာ၆ နေရာကို ထိမှန်ခဲ့တဲ့အတွက် လေယာဥ်ဂိုဒေါင်ထဲက K8 လေယာဥ်၂စင်း ရှေ့လေကာမှန်တွေကွဲတာ၊ လေယာဉ်ဘီးရှော့ဘားနဲ့ လေယာဉ်ရှေ့ပိုင်း ကျိုးကြေပျက်စီးတာတွေရှိခဲ့ကြောင်း၊ ဦးစီးအရာရှိ အပါအဝင် အရာရှိ ၃ယောက်နဲ့ အခြားအဆင့်ရှိသူ ၄ ယောက်သေဆုံးခဲ့ပြီး အရာရှိ ၂ ယောက်နဲ့ အခြားအဆင့်ရှိ ၈ယောက်မှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း ပြောပါတယ်။

“နေ့နေ့ညည အပြစ်မဲ့ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စကစ လေတပ်ကို လွတ်လပ်ရေးနေ့မှာ ထိထိရောက်ရောက် တိုက်ခိုက်ချင်လို့ ဒီမစ်ရှင် ဖော်ဆောင်ခဲ့တာပါ။ အခု ဖရဲသီးသတင်းအရ ထိရောက်တဲ့ ပျက်စီးမှုတွေရှိတယ်လို့သိရလို့ ကျနော်တို့ အထူးကျေနပ်အားရကြပါတယ်။” လို့ Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အခုလိုမျိုးလေတပ်ဌာနချုပ်ဝန်းထဲ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် တောင်ငူလေတပ်စခန်းကို လေယာဥ်အတက်အဆင်းနည်းသွားသလို  ပျံMi 35 တစ်စင်းသာ အတက်အဆင်းပြုလုပ်သွားတယ်လို့ သိရပါတယ်။

ကျရောက်ပေါက်ခဲ့သည့် နေရာများ (ဓာတ်ပုံ BWM)
0 Shares:
You May Also Like
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းတွင် ရွာမီးရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်က သိုက်ချောင်းကျွေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

အရှိုချင်း ကာကွယ်ရေးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ တပ်သားသစ်တွေ ခေါ်ယူ

အရှိုချင်းကာကွယ်ရေးတပ်(ACDF) ကနေ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၆) အတွက် သင်တန်းသား အသစ်တွေ ခေါ်ယူနေပြီလို့ ဒီနေ့ နို၀င်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

VPN ဝန်ဆောင်မှုပေးခြင်းကို ထောင် ၆လအထိ အရေးယူနိုင်မည့် ဆိုင်ဘာလုံခြုံရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း အသက်သွင်း

ခွင့်ပြုချက်မရှိဘဲ VPN ၀န်ဆောင်မှုပေးခြင်း အပါအဝင် အင်တာနက်အသုံးပြုရာမှာ ပိတ်ဆို့ကန့်သတ်အရေးယူနိုင်မယ့် ဆိုင်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက မနေ့က ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် အသက်သွင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း မတ်လ ဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်က ၂၈ ဦး အလင်းဝင်၊ စစ်သုံ့ပန်းအဖြစ် ၄၈ ဦး ဖမ်းဆီးရမိ…

နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။