ရှမ်း- မန်းစစ်ဆင်ရေးအတွင်း ​အကြမ်းဖက်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ရာက သိမ်းဆည်းရရှိခဲ့တဲ့ Canter ကားကို မူရင်းပိုင်ရှင်ဖြစ်သူဆီ ပြန်လည်ပေးအပ်ခဲ့တယ်လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ရှမ်း-မန်းစစ်ဆင်ရေးအတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေချိန် မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ က မတ္တရာ-ဆည်တော်ကားလမ်းပိုင်းမှာ မိုင်းပစ္စည်းတွေနဲ့ စစ်ကောင်စီတပ်သားတွေ တင်ဆောင်လာတဲ့ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ စစ်သုံ့ပန်း ၄ ယောက်နဲ့အတူ Canter ကားတစီး၊ Mark II ကားတစ်စီးနဲ့ Faw ကားတစ်စီးတို့အပြင် G3 သေနတ် ၃ လက် နဲ့ MA 13 သေနတ် ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိတဲ့ Canter ကားကို ၂၀၂၅ခုနှစ် ၊ ဇန်နဝါရီလ ၃ ရက်မှာ မူရင်းပိုင်ရှင်ဖြစ်သူ CDM ကျောင်းဆရာဆီ စာရွက်စာတမ်းတွေနဲ့အတူ ပြန်လည်ပေးအပ်ခဲ့တာလို့ ပြောပါတယ်။
“ကျနော်တို့ အင်ကြင်းမြိုင်တိုက်ပွဲအတွက် ဖြတ်တောက်ရေး လုပ်နေချိန် မတ္တရာ-ဆည်တော်ကားလမ်းပိုင်းကနေ စခ တွေက အရပ်သားကားတွေကိုချောဆွဲပြီး ဆည်​တော်ကြီးကို သွားကြတဲ့အချိန် မိုင်းဆွဲခဲ့တာပါ။ ပိုင်ရှင်က မီဒီယာနဲ့ပေ့ချ်ကနေ ပုံကိုမြင်ပြီး ဒါသူပိုင်ဆိုင်တဲ့ကားဖြစ်ကြောင်း တင်ပြတောင်းဆိုမှုအရ ပြန်လည်ပေးအပ်ခဲ့တာပါ။ သူမင်္ဂလာဆောင်ကို သွားတဲ့လမ်းမှာ စခတွေက ချောဆွဲသွားတယ်ပြောပါတယ်။ အဲ့တုန်းက စစ်တပ်က ချောဆွဲတဲ့ အရပ်သားကားတွေ အများကြီးပါပဲ” လို့ မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ နဲ့အတူ ရှမ်းပြည်နယ် နောင်ချိုအပါဝင် မန္တလေးတိုင်းထဲက မတ္တရာနဲ့ ပြင်ဦးလွင်အစပ်မှာ MDY – PDF ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ၊ ဇွန်လ ၂၅ ရက်မှာ ဆည်တော်ကြီးနားက အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို MDY -PDF နဲ့ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေချိန် မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် (၃) ပကဖ ကလည်း ဇွန်လ ၂၆ ရက်ကနေ ၂၉ ရက်အထိ မတ္တရာ – ဆည်တော်လမ်းပိုင်းလို နေရာမျိုးတွေမှာ စစ်ကောင်စီစစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား၊ ရဲတို့ကို အရှင်ရော အသေပါ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ပုံစာ – မိုးကြိုးစစ်ကြောင်း၊ တိုက်နယ် – ၃ ပကဖက သိမ်းဆည်းရမိတဲ့ Canter ကားကို ပိုင်ရှင်ဆီ ပြန်လည်အပ်နှံစဥ်
0 Shares:
You May Also Like
Read More

သံဖြူဇရပ်မှာ စစ်ကောင်စီစစ်ကြောင်းကို ပြောက်ကျားပစ်ခတ်ရာ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ…

သံဖြူဇရပ်မြို့နယ် ရှိ ကလိန်ပဒေါ ရွာ အနောက်ဖက်မှာ အင်အား (၁၇၀) ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တောင်ညိုစစ်ကြောင်းနဲ့ KNLA (Karen National Liberation Army) တပ်ရင်း (၂၇) တို့ ပူးပေါင်းပြီး ပြောက်ကျား ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီး DPLA ၊ TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာအနီးတဝိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံထားရသူနဲ့ စစ်မှုထမ်းမဲပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ မြိတ် ပကဖထံ အလင်းဝင် ခိုလှုံလာ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ အခြေစိုက်တပ်ရင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ယောက်ဟာ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ မြိတ်ထံ အလင်းဝင် ခိုလှုံလာကြောင်း သိရပါတယ်။
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရသည့် ထောက်ပို့ရဲဘော်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်အလင်းဝင်ရောက်လာ

“ကိုထက်က ယခင်က မြင်းခြံဘက်က ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးပါ။ မန္တလေး ပြင်ဦးလွင် ကြားမှာ ထောက်ပို့လုပ်ငန်း လုပ်ဆောင်ရင်း ပေါ်တာဆွဲခံရပြီး ပစ သင်တန်းပို့ခံရတာ” လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။