မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ လကုန်ပိုင်းလောက်ကစလို့ နွားထိုးကြီးမြို့နယ်ကို စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မျက်ရှုရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီကလေကြောင်းကနေ ဗုံး ၃ ကြိမ် ကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
အထိနာသွားတဲ့စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ မျက်ရှုရွာနဲ့ ဝက်လူးကျေးရွာတွေထဲ ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အရပ်သားတစ်ယောက်ကို ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်သွားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၂ ရက်နေ့မှာလည်း အကြမ်းဖက်စစ်ကောင်စီက မျက်ရှုရွာနဲ့ ဝက်လူးကျေးရွာတွေထဲ အင်အားဖြည့်တင်းပြီး စစ်ကြောင်းထပ်မံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
” အခုလက်ရှိတော့ စစ်ကြောင်းတစ်ကြောင်းက စိန်ပန်းကန်ရွာကို ရောက်နေတယ်လို့ သိရပါတယ်ဗျ။ အင်အားက ၄၀ ကျော်(ခန့်မှန်း) လောက်ရှိပါတယ်။ ရဲကော၊ စခရော အစုံပါပါတယ်။ ” လို့ နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မျက်ရှုနဲ့ ဝက်လူးကျေးရွာ ၂ ရွာပေါင်းက နေအိမ်ရာနဲ့ချီမီးလောင်ပျက်ဆီးသွားတယ်လို့ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကြောင်းက နွားထိုးကြီးမြို့နယ်၊ မျက်ရှုနဲ့ ဝက်လူးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့စဥ်
0 Shares:
You May Also Like
Read More

နောင်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်မယ့် ဘိန်းခင်းတွေကို CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့ ဖျက်ဆီးရှင်းလင်း

ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia - CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံတဝန်း မြို့နယ်‌ပေါင်း ၂၀၀ ကျော်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုပေါင်း သုံးထောင်ခန့်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဟု စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ အပိုင်းတစ်နဲ့ နှစ်ကို မြို့နယ် ၂၀၂ မြို့နယ်မှာ ကျင်းပဖို့ပြင်ဆင်ထားပေမယ့် ယင်းမြို့နယ်ထဲမှာရှိတဲ့ ရပ်ကွက်ကျေးရွာအုပ်စုသုံးထောင်နီးပါးမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း CDM ဝန်ထမ်း ၁၂၀၀ ကျော်အတွက် သိန်း ၇၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ CRPH ထုတ်ပြန်

ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

စလင်းတွင် စစ်ကြောင်းထိုး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများဖြစ်ပွားနေ

" မေလ ၁၃ ရက်နေ့ကစလို့ အခုအထိ လေကြောင်း ၂ ရက်ဆက်တိုက် ပစ်ခတ်ခံရတယ်။ စလင်း-ချောက် တောင်ဘက်ခြမ်းကနေ မြောက်ဘက်ခြမ်းထိ စစ်ကြောင်းထိုးနေတာပါ။ အင်အား ၃၀၀ ဝန်းကျင်ရှိတယ်။ ဒီနေ့နဲ့ဆို တိုက်ပွဲက ၁၂ ရက်ကြာ တောက်လျှောက်တိုက်ပွဲဖြစ်နေတာပါ" လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) တာဝန်ရှိသူ ၁ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီက ပြည်တွင်းဘဏ် ၁၅ ခုကို ကျပ်ဘီလီယံ ၁၅၀ ထုတ်ပေးမှုက ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်

SME လုပ်ငန်းတွေကို ငွေချေးဖို့ဆိုကာ ပြည်တွင်းကဘဏ် ၁၅ခုကို စစ်ကောင်စီက ကျပ်ဘီလီယံ ၁၅၀ ကို ငွေဖြည့်ပေးလိုက်တာကြောင့် ငွေကြေးဖောင်းပွမှုဆီကိုသာ ဦးတည်နိုင်ကြောင်း စီးပွားရေး ပညာရှင်တွေက ထောက်ပြပါတယ်။