အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
သရုပ်ဆောင်မော်ဒယ် သင်ဇာဝင့်ကျော်ဟာ လိင်အသားပေးဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်က အခကြေးငွေရယူပြီး ဖြန့်ဝေတယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတာဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်လို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မော်ဒယ် နန်းမွေ့စံဟာလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မှာ ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မောင်းသတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
အဖော်အချွတ်မော်ဒယ်လို့ အများက သိကြတဲ့ နန်းမွေစံကိုတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က) နဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အစ ၂ လအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၅၉ ဦးအထိ သေဆုံးခဲ့…

၂၀၂၅ ခုနှစ်အစပိုင်း ဇန်နဝါရီလ နဲ့ ဖေဖော်ဝါရီလ နှစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်သူများအား အစည်းဝေးခေါ် မဲဆွယ်စည်းရုံးပေးသော အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရ

"ကျည်သုံးချက်ထိမှန်ပြီး နေရာမှာပဲ သေသွားတာ၊ ခုခံချိန်မရလိုက်ဘူး၊ သူ့အိတ်ထဲက အသီးကို နှိုက်ရင်း မောင်းပြေးတာ၊ ညပိုင်း‌မှာတော့ ဒိုက်ဦး ရခ ငါးယောက်ရောက်လာတယ်" လို့ 9 Stats Underground Force , Bago Region တပ်ဖွဲ့တာဝန်ခံ မြေပွေးက မောင်းကိုပြောပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံထင်ပြီး ပေါ်တာဆွဲသည့် စစ်ကောင်စီ အရာခံဗိုလ်နှင့် တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ (၆) ကနေ အုတ်ဖိုတာဆုံဘက်ကိုသွားရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံထင်ပြီး ပေါ်တာဆွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ် ။
Read More

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ အတွက် စစ်ကောင်စီ စတင် စာရင်းကောက်ယူနေ

အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ် ပကဖ ဒေသတွင်းပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ဒေသတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း ပို့ချ

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။