ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေဟာ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ဓာတ်ပုံတွေကို သယ်ဆောင်လာတာကိုပါ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ချင်းတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၉ ရက်မှာ စတင်ခဲ့ပြီး တစ်လခွဲနီးပါးအကြာ ဒီဇင်ဘာ ၂၁ ရက်မှာတော့ စစ်ကောင်စီရဲ့ မြို့စောင့်တပ် ခလရ ၂၇၄ တပ်ရင်းကို အပြီးချေမှုန်းနိုင်ခဲ့ပြီးနောက် မင်းတပ်မြို့ကို အလုံးစုံ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ ရှိသလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။
Read More

ရေဦးမြို့ ကြာဖူးအဝိုင်းဂိတ်မှ စစ်သား ၁ ဦး သေနတ် ၂ လက် ယူဆောင် အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ ကြာဖူးအဝိုင်း စစ်တပ်ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သားတစ်ယောက်ဟာ သေနတ် ၂ လက် ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဝင်းကံကျေးရွာနှင့်ကရဝေးဆိပ်ရွာများတွင် စစ်ကောင်စီတပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ( ၁ ) ဦးသေ၊ ( ၄ ) ဦးဒဏ်ရာရ၊ နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က တပ်သား ၁ ယောက် လက်နက်နဲ့အတူ ထားဝယ်ခရိုင်တပ်ရင်း(၂) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာကားတန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ယောက်ခန့် သေ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ရိက္ခာပို့ကားတန်းကို  ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ  စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် (ပကဖ) ဆီက သိရပါတယ်။
Read More

ဆိပ်ဖြူမှာ နိုင်ငံတစ်ဝန်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အသိပညာပေးစာစဥ်များ ဖြန့်ဝေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် သတိပြုဖို့ အချက်တွေ ပါဝင်တဲ့ စာစဉ် ဖြန့်ဝေပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။