NUG အစိုးရကို ပြည်သူတွေ ယုံကြည်အားကိုးရတဲ့ အစိုးရ အဆင့်ထိရောက်ဖို့ ကြိုးစားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်က ဇန်နဝါရီ ၂ ရက်နေ့ကပြောကြားခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။
တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွား ရှာနေသူများကို အစိုးရအဖွဲ့အတွင်းရှိနေပါက ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း NUG အစိုးရကို ပြုပြင်ပြောင်းလဲသင့်သည်များကို ဆောင်ရွက်ပြီး ပြည်သူကိုမျက်နှာမူတဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ အကောင်းဆုံးကြိုးစားရမယ်လို့ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ပြည်သူတွေ အားမလိုအားမရ ဖြစ်နေတဲ့ ကိစ္စရပ်များကို အကောင်းဆုံးကျော်လွှားဖြေရှင်းပေးရမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း NUG ရဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များကို မကြာခဏ ဆက်တိုက်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။
NUG ရဲ့ယာယီသမ္မတကလည်း အစိုးရအဖွဲ့အတွင်း တာဝန်ယူမှုတာဝန်ခံမှုမရှိပါကအပြောင်းအလဲ ပြုလုပ်သွားမှာဖြစ်ပြီး အဝေးရောက်အစိုးရမဖြစ်ဖို့ ပြည်ပနိုင်ငံကို ရောက်ရှိနေတဲ့ အစိုးရအဖွဲ့များ အမြန်ဆုံး ပြန်လာဖို့ ပြောကြားမှုတွေ ရှိခဲ့တာပါ။
ဒါ့အပြင် အခုရက်ပိုင်းအတွင်း NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေ့ဆီ ကွင်းဆင်းသွားရောက်တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
0 Shares:
You May Also Like
Read More

စစ်ဒေသတွေတိုးချဲ့နေတဲ့ BPLA က အညာဒေသအတွက် တပ်သားသစ်တွေ ခေါ်ယူ

စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ကလေးမြို့နယ်တိုက်ပွဲအတွင်း CDF – KKG တပ်ဖွဲ့မှ တပ်စိတ်မှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force , Kalay - Kabaw - Gangaw တပ်ဖွဲ့က တပ်စိတ်မှူးတစ်ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။