စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး ဦးအရိန္ဒာမာဟာ ရှမ်းကလုံးကျေးရွာနဲ့ ရွှေတွင်းကျေးရွာကြားမှာ ဇန်နဝါရီလ ၂ ရက်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့လူမှုကွန်ရက်

စာမျက်နှာမှာ အသိပေး ထုတ်ပြန်ထားတာပါ။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က “အစပိုင်းမှာတော့ ဆိုင်ကယ် အက်စီးဒင့်ကြောင့်လို့ သတင်းပို့လာပေမယ့် စစ်ဆေးချက်အရ သေနတ်ပစ်ခံထားရတာ ဖြစ်ကြောင်းအတည်ပြုပါတယ်” လို့ လူမှုကွန်ရက်ကတစ်ဆင့် ရေးသားအသိပေးထားပါတယ်။

လုပ်ကြံခံရသူ ဦးအရိန္ဒာမာဟာ CDM အရာရှိတစ်ယောက်ဖြစ်ပြီး လူထုတော်လှန်ရေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကောလင်းမြို့နယ် သယံဇာတ ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတာ ဖြစ်ပါတယ်။

ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက မြို့ပေါ်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာအုပ်စုနဲ့ ကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတာဖြစ်သလို မြို့နယ် သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရတဲ့နေရာဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

ကောလင်းမြို့ကို အမှတ် (၁)စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်ကြောင်း ပြန်ထိုးပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်လည်တပ်စွဲကာ မြို့ကို ပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Breaking News : စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပစ်ချ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ တိုင်းရင်းဆေးရုံထဲအထိုင်ချထားတဲ့ စစ်အုပ်စုပစ်လိုက်တဲ့ လက်နက်ကြီးမှန်လို့ လယ်ထဲပေါင်းနုတ်နေတဲ့ အမျိုးသမီး သေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ခဲ့လို့ ပေါင်းနုတ်နေတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်ကာ စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ၁လနီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောများကို ကနီနှင့် မင်းကင်းကြားတွင် တော်လှန်ရေးတပ်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောတွေကို စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ထံက သိရပါတယ်။
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူရင်း တိုက်ခိုက်ခံရသည့် စစ်အုပ်စု ရွာခံများကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ရှောင်ကျေးရွာတွေကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာမှာကျန်နေခဲ့တဲ့ ရွာသူရွာသား တချို့ကိုလည်း ဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။