မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် မနေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေတဲ့ သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာအတွင်းက အရပ်သားနေအိမ်တွေ၊ ဈေးဆိုင်တွေ၊ ဘာသာရေးအဆောက်အအုံ၊ လူမှုကယ်ဆယ်ရေးရုံးနဲ့ ဈေးတို့ကို လေယာဉ်နဲ့ ဗုံးသီး(၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၂) ယောက်သေဆုံးပြီး (၁၆) ယောက် အပြင်းအထန် ထိခိုက် ဒဏ်ရာရကာ (၁၁) ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့‌တယ်လို့ သိရပါတယ်။

ဒါ့အပြင် အရပ်သားနေအိမ်(၂၃)လုံး၊ မီးသတ်ရုံး၊ ဘာသာရေး အဆောက်အဦး (နတ်နန်း)၊ မေတ္တာစမ်းရေ လူမှုကယ်ဆယ်ရေးရုံးနဲ့ ကူညီကယ်ဆယ်ရေးကား(၅) စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ရှမ်းမန်းစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

“အရေးတော်ပုံ” ဆိုသည့် စကားလုံးသုံးနှုန်း မဲဆွယ်မှုကြောင့် ပြည်သူ့ပါတီအမတ်လောင်း ဦးလွင်မြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ

စစ်အုပ်က ကျင်းပတဲ့ ရွေးကောက်ပွဲ ပထမပိုင်းအတွက် မဲဆွယ်စည်းရုံးရာမှာ "တော်လှန်ရေး"၊ "အရေးတော်ပုံ" စတဲ့ စကားလုံးတွေကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ABSDF အမှတ် ၃ စစ်ကြောင်းမှ ရဲဘော် ၃ ဦးကျဆုံးခဲ့…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) - ABSDF ရဲ့ အမှတ် ၃ စစ်ကြောင်းက ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

DKBA ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားများ အထူးသဖြင့် တရုတ် မသယ်ရဟု အမိန့်ထုတ်

အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) တွေနဲ့ ပတ်သက်နေတယ်လို့ ပြောဆိုပြစ်တင်ခံနေရတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က သူတို့ရဲ့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံခြားသားတွေ သယ်ဆောင်ခြင်း မလုပ်ရဘူးလို့ အမိန့်ထုတ်လိုက်ပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။