ကရင်အမျိုးသားအစည်းအရုံး – KNU နိုင်ငံခြားရေးဌာနတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရောက် ကရင်တွေ တွေ့ဆုံပွဲကို ဒီဇင်ဘာလ (၂၇) ရက်က နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတွေ့ဆုံပွဲကို ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေး၊ စစ်ရေး ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံတကာရောက် ကရင် အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ လူငယ်စုစုပေါင်း (၂၁) ယောက်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ လက်ရှိကော်သူးလေဒေသရဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေနဲ့ အမျိုးသမီးနဲ့ လူငယ်အခန်းကဏ္ဍတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းတွေကလည်း သူတို့ စုဖွဲ့မှုနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခြေအနေတွေကို တင်ပြခဲ့ကြပြီး အခုထက်ပိုကာ ကော်သူးလေဒေသ တည်ဆောက်ရေးမှာ အားတက်သရော ပါဝင်နိုင်ရေးအတွက် အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနအနေနဲ့ နိုင်ငံတကာရောက်ကရင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေအတွက် ဆွေးနွေးတင်ပြခြင်းတို့အပြင် နိုင်ငံတကာ သံခင်းတမန်ခင်း ကိစ္စရပ်တွေကို အဓိက လုပ်ဆောင်နေတဲ့ ဌာနတစ်ခုဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

ငလျင်အကြောင်းပြုကာ သူတို့ရဲ့ ယုတ်မာမှုတွေ ပေါ်ကုန်မှာစိုးတာကြောင့် နိုင်ငံတကာသတင်းသမားတွေကို ဝင်ခွင့်မပေးတဲ့ စစ်ကောင်စီ

နိုင်ငံတကာသတင်းဌာနတွေက သတင်းထောက်တွေကို ငလျင်ဘေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကာ သတင်းလာယူခွင့်မပြုဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြောခဲ့ပါတယ်။ 
Read More

ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို သိမ်းပိုက်ရရှိမှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ (၃၁) ပွိုင့် ၁၂၄၈ ပူးလူးတူ အခြေစိုက် ခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမြို့နယ် တော်လှန်ပညာရေးအဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာကတစ်ဆင့် ကူညီလှူဒါန်း

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRI ဗျူဟာ ၊ အမှတ် ၁၂၂၂ တပ်ရင်းကတစ်ဆင့် ကူညီလှူဒါန်းထောက်ပံ့ခဲ့တယ်လို့ TRI ဗျူဟာက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ သဘောပေါက်ဖို့ လိုကြောင်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။