တောင်ကုတ်မြို့ကို ထိန်းချုပ်ထားတဲ့ AA က ပဲခူးတိုင်းအနောက်ခြမ်း၊ ဥသျှစ်ပင်မြို့နဲ့ နီးစပ်နေတဲ့ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းကို တိုက်ခိုက်နေလို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

တောင်ပုံကြီးစခန်းဟာ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်ထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့လုံခြုံရေးတပ်စခန်းတစ်ခု ဖြစ်ပါတယ်။

ဥသျှစ်ပင်မြို့နဲ့ အလွန်နီးကပ်နေတာကြောင့် ဒေသခံအများစုက စစ်မီးကူးစက်လာမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

တောင်ပုံကြီးစခန်းကို ဇန်နဝါရီလ ၁ ရက် မနက်ပိုင်းကတည်းက AA က စတင်ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီစခန်းအတွက် စစ်ကောင်စီက စစ်ကူအင်အားတွေကို စစ်ကားတွေနဲ့  ရခိုင်ရိုးမပေါ် ဆက်တိုက်ပို့ဆောင် အားဖြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

AA အနေနဲ့ တောင်ပုံကြီးစခန်းကို ရရှိရင် ပဲခူးအနောက်ခြမ်းနဲ့ ထိစပ်နေတဲ့ ရခိုင်အနောက်ရိုးမ လမ်းကြောင်းကြီး တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းဟာ တောင်ကုတ်-ပြည်-ပန်းတောင်း ကားလမ်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ်တွေကို အဓိက ထိန်းချုပ်ထားတဲ့တပ်စခန်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ကပစ (၅၊ ၆၊ ၉၊ ၁၆)  စက်ရုံတွေရှိရာ ပန်းတောင်းမြို့ကို ဝင်ဖို့ အရေးပါသလို စစ်ကောင်စီ ထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ပြည်ခရိုင်အတွင်း တိုက်ပွဲတွေ ဖြစ်လာနိုင်ကြောင်း ရေးသားနေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း အနောက်တိုင်း စစ်ဌာနချုပ်အပါအဝင် မြို့ပေါင်း ၁၄ မြို့ သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် AA ဟာ ၂၀၂၄ နှစ်မကုန်ခင် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြည်တွင်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

AA ဘက်ကတော့ တောင်ပုံကြီး စခန်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး တရား၀င်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့ EV ကား စက်ရုံတွေဆီ သွားရောက်ကြည့်ရှုခဲ့ဟု ဆို

အာဏာသိမ်း စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တိုက်ခိုက်ရေး ဒရုန်းထုတ်လုပ်တဲ့ စက်ရုံနဲ့  မင်းအောင်လှိုင်ရဲ့ မိသားစုဝင်တွေ တင်သွင်းနေတဲ့ EV ကားထုတ်လုပ်ရေးစက်ရုံတွေကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ အင်းတော်မှာ စစ်အုပ်စု လူသားဒိုင်းလုပ်ထားတဲ့ အရပ်သား ၃၀၀ ခန့် ထွက်ပြေးလွတ်မြောက်လာ၊ အကြမ်းဖက်စစ်တပ်လက်ထဲ အရပ်သား ၅၀၀ နီးပါး ကျန်နေသေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီရဲ့လူသားဒိုင်းလုပ် ဖမ်းဆီးခံထားရတဲ့ အရပ်သား ၃၀၀ နီးပါးထွက်ပြေးလွတ်မြောက်လာပေမယ့် တော်တော်များများ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်း ဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာ အပတ်စဉ် (၁၀) စစ်သင်တန်းကို စစ်ကောင်စီက စတင်ဖွင့်လှစ်

စစ်ကောင်စီက မတရားသတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ တစ်နှစ်ပြည့်မြောက်ချိန်မှာတော့  စစ်မှုထမ်း အပတ်စဉ် (၁၀) အထိရောက်ရှိလာပြီး သင်တန်းဖွင့်ပွဲကို မနေ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင် တပ်သားတစ်ယောက် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

ငဖဲမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို အရှိူချင်းကာကွယ်ရေးတပ်နဲ့ မြို့နယ် ပ.က.ဖ ကူညီထောက်ပံ့ပေးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ငဖဲမြို့နယ် - ပ.က.ဖ (ငဖဲ) တို့ ပူးပေါင်းပြီး ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ACDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။