မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိတဲ့နေရာကို လက်နက်ကြီးတွေရော လက်နက်ငယ်တွေနဲ့ပါ အလစ်အငိုက် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း Chauk Guerrilla Force (C.G.F) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၁ရက်နေ့က ချောက်မြို့နယ်၊ ကုန်းကြီးပျူစောထီးရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၆၀မမ လက်နက်ကြီးအပါအဝင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေက ၆၀မမ လက်နက်ကြီး ၃လုံးပစ်ခတ်ခဲ့ရာ ၂လုံးချို့ယွင်းပြီး ၁လုံးအောင်မြင်ခဲ့တယ်လို့လည်း Chauk Guerrilla Force (C.G.F) အဖွဲ့တာဝန်ရှိသူက  ပြောပါတယ်။

Chauk Guerrilla Force (C.G.F) ၏ ထုတ်ပြန်ချက်

“ကုန်းကြီးနဲ့ ကတောက်ချောင်းက အရမ်းကြီးမဝေးဘူးဗျ အလွန်ဆုံး ၁ မိုင်လောက်ပဲရှိမယ်။ အင်အားက ၂၀ ဝန်းကျင်လောက်ပါမယ်ဗျ။ သူတို့မှာ လက်နက်ကြီး တပ်ဖွဲ့တစ်ခုလည်း ပါပါတယ်။ ကျနော်တို့က သူတို့ ရှေ့ပြေးကို လက်နက်ငယ်တွေနဲ့ အရင်ပစ်ပြီး လက်နက်ကြီးနဲ့လည်း လှမ်းထောက်ခဲ့ပါတယ်။ လက်နက်ကြီးထိတာ လေးယောက်လောက်ထိတယ်လို့တော့ နီးစပ်ရာ သတင်းအရင်းအမြစ်အရ သိရပါတယ်။” လို့ Chauk Guerrilla Force ( C.G.F) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) နဲ့အတူ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ နဲ့ Kyaukpadaung Special Defense Force အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ကလေးငယ်တွေကို လေကြောင်းကနေတိုက်ခိုက်လာတဲ့ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီရောင်းချမှုတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆို

စစ်ဘေးရှောင်ကလေးငယ်တွေကိုပါ သေကြေအောင် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ကောင်စီထံ လက်နက်နဲ့လေယာဉ်ဆီရောင်းချနေမှုတွေကို နိုင်ငံတကာအနေနဲ့ အမြန်ဆုံး ရပ်ဆိုင်းဖို့ အရပ်ဖက်နဲ့ တော်လှန်ရေးအင်အားစု ၃၁၀ ကျော်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

DKBA ပိုင်နက်ထဲ နိုင်ငံခြားသားများအပါ ကျားဖြန့်လုပ်သား ၂၀၀၀ ကျော်တွေ့၊ ကျားဖြန့်တိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းလိုဟု KNU ထုတ်ပြန်

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်ခုဖြစ်တဲ့ အင်အားကြီးမားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 
Read More

ရေတာရှည်မြို့မရဲစခန်းကို 79 ထောက်ပြောင်း 40mm (ရှော့တိုက်ဒုံး) ၁၄ လုံး ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှု ပြင်းထန်နိုင်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မရဲစခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ပစ်မှတ်ကိုကျရောက်တာကြောင့် ထိခိုက်မှုပြင်းထန်နိုင်ကြောင်း Black Leopard UG အဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ် တိုက်ပွဲဖြစ်ပွား၍ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်၊ အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ဒီဇင်ဘာ ရွေးကောက်ပွဲကာလအတွင်း စစ်တပ်က အရပ်သားတွေအပေါ် လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဆက်တိုက် တိုက်ခိုက်နေတာကြောင့် ပြည်သူများစွာ ထိခိုက်ဒဏ်ရာရ

စစ်အုပ်စုဟာ သူတို့ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကာလအတွင်း အရပ်သားပြည်သူတွေနဲ့ ရပ်ရွာထဲကနေအိမ်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတဲ့အပြင်၊ ပြည်သူတွေကို အတင်းအဓမ္မ မဲထည့်ဖို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။
Read More

လူနာလာခေါ်တဲ့ ပရဟိတကားကို စစ်တပ်က ရွာထဲအဝင်မခံတာကြောင့် မိုင်းထိသူ ‌သွေးထွက်လွန်ပြီး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာက အမျိုးသားတစ်ယောက်ဟာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ထိကာ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။