မကွေးတိုင်း ပေါက်၊ ဂန့်​ဂေါနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်တွေမှာ ရဲတပ်သား ၃ ယောက်နဲ့ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့​ပိုင်း ရေပြာရဲစခန်းမှာ တာဝန်ကျနေတဲ့ လက်နက်ကိုင်ရဲတပ်သား၁ယောက်ဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပေါက်တောင်ပိုင်း Y.R.F ပကဖ ဗိုလ်နားပေါက်အဖွဲ့ထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားဟာ G3 အမျိုးစား သေနတ် ၁ လက်၊ G3 ကျည် ၈၂ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ရဲတပ်သားရဲ့မိခင်ဖြစ်သူကိုပါ တစ်ချိန်တည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း  ပေါက်တောင်ပိုင်း Y.R.F ပကဖက ထုတ်ပြန်ပါတယ်။

ပေါက်တောင်ပိုင်း Y.R.F ပကဖထံ ပြီးခဲ့တဲ့နှစ် ဇွန်လနဲ့ ဒီဇင်ဘာလတွေထဲ ပေါက်မြို့နယ်၊ ရေပြာနဲ့ကိုင်းလယ်ရဲစခန်းက ရဲတပ်သား ၃ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ပြည်သူ့စစ်ခေါင်းဆောင် P2 ဖိုးဇော်ရဲ့ အမိန့်ပေးစေခိုင်းမှုနဲ့ လောင်ထောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အသက် ၁၄ နှစ်အရွယ် ​ပြည်သူ့စစ်အဖွဲ့ဝင် ၁ ယောက် မြို့နယ် ပအဖ၊ ပကဖအဖွဲ့တွေဆီ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

ပေါက်တောင်ပိုင်း Y.R.F ပကဖ ထံ ဒီဇင်ဘာလ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ၁ ယောက်အလင်းဝင်ရောက်ခဲ့စဥ်

ဒါ့အပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာတာဝန်ကျနေတဲ့ ရဲတပ်သား၂ယောက်ဟာလည်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းလိုတော့တာကြောင့် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ G3အမျိုးအစားသေနတ်၁လက်နဲ့ အူဇီအမျိုးအစားသေနတ်၁လက်တို့ကို သက်ဆိုင်ရာ ကျည်ဆန်ခဲယမ်းတွေနဲ့အတူ ယူဆောင်ပြီး ဆက်သွယ် အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်ခဲ့သူ ၂ယောက်ကို တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ငွေကျပ်သိန်း ၅၀ ကျပ်စီ ချီးမြှင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ တိုင်းနဲ့ပြည်နယ်အနှံ့ အရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီထံကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာသူတွေနဲ့ လက်နက်ချအလင်းဝင်လာသူတွေ များပြားလာသလို တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေကလည်း အခုလိုပြည်သူနဲ့ အမြန်ပူးပေါင်းဖို့ တိုက်တွန်းနေကြပါတယ်။

0 Shares:
You May Also Like
Read More

ကော်သူးလေခရိုင်အတွင်း စစ်ဘေးရှောင်ပြည်သူများ၏ နှစ်ဝက်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေဟု ဆို

“ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) သည် ကော်သူးလေခရိုင်အားလုံးရှိ စစ်‌ရှောင်ပြည်သူ များအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီအား အရေးတကြီးတိုးမြှင့်ပေးရန် တောင်းခံနေ ပါသည်။ စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၂၀၄၉၃၂ ဦး အတွက် ခြောက်လစာ ဆန်ထောက်ပံ့ပေးရန် ခန့်မှန်းခြေကုန်ကျ စရိတ်မှာ အမေရိကန်ဒေါ်လာ ၁၁၁ သန်း ဖြစ်သည်” လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

ဗန်းမောက် မြို့သိမ်းတိုက်ပွဲ ၆ ရက်မြောက်တွင် တော်လှန်ရေးတပ်များ မြို့ကို ရရှိ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက စက်တင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

ပြည်သူချစ်တဲ့ ဒေါက်ဇော် ကွယ်လွန်ရှာပြီ

NLD ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို NLD အစိုးရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာလ ၇ ရက် မနက် ၃ နာရီ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး အထူးကုသဆောင် (ICU) မှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားခဲ့ပါပြီ။
Read More

SSNDF/KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ မှ တွေ့ဆုံပွဲ ပြုလုပ်

ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF / ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် ၉ ၊ တပ်ရင်း ၁၀၃ က ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်မှာ တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။