မန္တလေးမြို့က နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်မှုအတွက် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေထဲက ၂ယောက်ဟာ ဆပ်ပြာကျင်းရွာ PDF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး အဲဒီ ၂ယောက်ဟာ ကျေးရွာနဲ့ရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပါ မသက်ဆိုင်ကြောင်း Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂၆ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စနမဟီရပ်ကွက်၊ ၇၇လမ်း၊ ၃၂လမ်းနဲ့ ၃၇လမ်းကြားက နဂါးနန်းတော် စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရမှု အပါအဝင် ဒီဇင်ဘာ ၂၄ရက်နေ့က မဟာအောင်​မြေမြို့နယ်၊ မဟာမြိုင် ၁ရပ်ကွက်က ဆင်ဖြူတော်ငွေလွှဲလုပ်ငန်းကို ဝင်ရောက်လုယက်မှုတို့ကို ကျူးလွန်ရာမှာ ပါဝင်ပက်သက်ခဲ့သူ ၅ယောက်ကို ဖမ်းမိတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဓားပြတိုက်ခံခဲ့ရသည့် နဂါးနန်းတော်ရွှေဆိုင်

ဒီဓားပြမှုဖြစ်စဥ်တွေထဲ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ပေါက်ကုန်းကျေးရွာနေ မိုးအောင်(ခ) အောင်မိုးနဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ထောင်တန်းကျေးရွာနေ ကျော်စိုးလွင်(ခ) ပြာတာတို့ ၂ယောက်ကို ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာ PDF အဖွဲ့ဝင်တွေဆိုပြီး ဖော်ပြထားမှုအပေါ် Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက အခုလို ငြင်းဆိုလိုက်ပါတယ်။

“စကစဖော်ပြသလို ဖမ်းမိတဲ့သူတွေက ဆပ်ပြာကျင်းရွာ PDF ဒုခေါင်းဆောင်တို့ အဖွဲ့ဝင်တို့ဆိုတာ မဟုတ်ပါဘူး။ သူတို့ကျူးလွန်ခဲ့တာ ဟုတ်လားမဟုတ်လားတော့ မသိပါဘူး။ ဘာလို့ဆို သူတို့တွေက ဆပ်ပြားကျင်းရွာခံတွေလည်း မဟုတ်ဘူး။ ရွာက ပျောက်သွားတာလည်း ကြာပြီ။ အခုဒီအကြောင်းကို လိုင်းပေါ်တွေ့လိုက်မှ သိရတာပါ။ သူတို့က ဆပ်ပြာကျင်းရွာသားတွေ မဟုတ်သလို ဒုခေါင်းဆောင်မဟုတ်ဘူးဆိုတာ ငြင်းချင်တာပါ။ ဖောင်းပြင်မှာနေတဲ့ မိုးအောင်ဆိုတဲ့သူက ဒီတော်လှန်ရေးကာလမှ ဆပ်ပြာကျင်းရွာသူနဲ့ အိမ်ထောင်ကျတာ။ ခရီးအမြဲထွက်နေသူပါ။ သူက ဆပ်ပြာကျင်းရွာ PDF ဒုခေါင်းဆောင်ဆိုတာ မဟုတ်ပါဘူး။ မဟုတ်ဘဲ သူက ဆပ်ပြာကျင်းရွာကလို့ ပြောလိုက်တော့ ရွာခံပြည်သူတွေက စိုးရိမ်ကြတာပေါ့။ ကျော်စိုးလွင် (ခ) ပြာတာကလည်း ထောင်တန်းရွာမှာ နေတာပါ” လို့ Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ကောင်စီထုတ်ပြန်သည့် တရားခံများ ဖမ်းဆီးရမိပုံ

သူကပဲဆက်လက်ပြီး “အခု ဒီပဲယင်းမှာ စကစ စစ်ကြောင်းမရှိတာ ကြာပြီ။ အရင် စကစ စစ်ကြောင်းထိုးချိန်က တော်လှန်ရေးကာလအရ ကျေးရွာရဲ့လုံခြုံရေးအရ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေထဲ သူတို့ပါခဲ့တာတော့ ရှိတယ်။ အခု စစ်ကောင်စီစစ်ကြောင်းတွေ မရှိတော့ ကျေးရွာအဖွဲ့အစည်းတွေလည်း မရှိတော့ဘူး။ တကယ်သာ သူတို့ ဆပ်ပြာကျင်းရွာ PDF အဖွဲ့အစည်းထဲပါနေသေးတယ်ဆို အခုလို အလွယ်တကူ ပျောက်သွားလို့လည်းမရဘူး။ တကယ်လို့သာ Kaung Kin PDF အနေနဲ့ ခရီးသွားလို့ ဒီလိုကိစ္စဖြစ်ခဲ့ရင် အဖွဲ့ကဖြေရှင်းပေးမှာပါ။ ကျေးရွာအဖွဲ့ဝင်တွေဆိုလည်း ဒီလို ပျောက်သွားလို့မရပါဘူး။ သူတို့က ဆပ်ပြာကျင်းရွာမှာ နေခဲ့တော့ ကျနော်တို့ PDF ကို ပုံရိပ်ကျအောင် ဖြေခိုင်းတာလို့မြင်ပါတယ်။” လို့ Kaung Kin PDF တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် မန္တလေးမြို့အပါအဝင် မြို့ကြီးတော်တော်များများမှာ ဓားပြတိုက်၊ ခိုးဆိုးလုယက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့အပေါ် စစ်ကောင်စီက ထိထိရောက်ရောက် နှိမ်နင်းနိုင်ခြင်း မရှိခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် တချို့သော လုယက်မှုတွေမှာ စစ်တပ်အသိုင်းအဝိုင်းက ပါဝင်ပတ်သက်မှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း၏ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနဲ့ ယူနီဖောင်း တပ်ဆင်တဲ့ အခမ်းအနားကို အောက်တိုဘာလ (၉) ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ရှောင်စခန်းများသို့ စားနပ်ရိက္ခာ မျှဝေကာ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း MDY PDF ထုတ်ပြန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဟာ မတ္တရာမြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ရှိသူတွေနဲ့ ပူး‌ပေါင်းပြီး မတ္တရာမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေဆီ သွားရောက်ကာ စားနပ်ရိက္ခာ ဝေမျှခြင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီ လေကြောင်းက ဆက်တိုက် ဗုံးကြဲနေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းအဆက်မပြတ် အသုံးပြုနေကြောင်း မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ဆလိုင်းယောမန်ထံက သိရပါတယ်။
Read More

မိုးဗြဲမြို့တွင်းတိုက်ပွဲမှာ ကျဆုံးခဲ့သည့် Loikaw Local PDF မှ ရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို စစ်ကောင်စီက ဒီမနက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။