မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဇဂျမ်းတိုက်နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်အုပ်စုတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို စခန်းမှူးဖြစ်သူလည်း ပျောက်ဆုံးနေကြောင်း မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာလ ၃၁ရက်နေ့က တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ်ရဲစခန်းကို မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေနဲ့ ဒရုန်းအဖွဲ့တို့က မြေပြင်ကနေရော ဝေဟင်ကနေပါ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၂နာရီကြာ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အတွက် မြေပြင်စစ်ကူတွေအပြင် ဂျက်ဖိုက်တာတွေနဲ့ပါ ပစ်ကူပေးခဲ့တာကြောင့် တော်လှန်ရေးတပ်တွေ စခန်းကို အပြီးသတ်မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြင်းခြံခရိုင်တပ်ရင်း (၃) တပ်ဖွဲ့ဝင်များ ဇဂျမ်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်နေစဥ်

“ရဲစခန်းက ဘန်ကာကောင်းတော့ ဝေဟင်ကနေလည်း ကျနော်တို့ရင်း၃ရဲ့ Drone team က 24kg တွေနဲ့ ဖြိုရပါတယ်။ ဘန်ကာ ၂လုံးပြိုပြီး ၃လုံးကျန်ပါတယ်။ ရဲစခန်းထဲ ဆက်သွယ်ရေး လိုင်းကျင်းတွေကလည်း များတယ်ဗျ။ ဒီတစ်ချီတိုက်တာ စခန်းသိမ်းခါနီးမှ စခတွေက လေယာဉ်မဟားတရားသုံး​လို့ အပြီးသတ် မသိမ်းနိုင်တာပေါ့နော်။ ပြည်သူတွေကတော့ အားရတယ်ပြောတယ်။ စစ်ကူလာတဲ့စစ်အုပ်စုတွေကိုလည်း ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ် အင်အား ၁၇၀လောက်သုံးပြီး ဖြတ်ခဲ့တာပါ။” လို့ မြင်းခြံခရိုင် တပ်ရင်း-၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သူကပဲဆက်လက်ပြီး “မကွေးလေတပ်ကနေ တိုက်ပွဲစပြီး ၁နာရီလောက်မှာ ဂျက်ဖိုက်တာ၂စီးနဲ့ ရော့ကတ်တွေ မော်တာစက်တွေနဲ့ ၃ ခေါက်ပစ်ပါတယ်။ ၂နာရီလောက်ရှိတော့ ဂျက်ဖိုက်တာ၁စီးနဲ့ ထပ်လာပစ်ပါတယ်။ မြင်းခြံနဲ့ တောင်သာမြို့ဘက်ကနေ စစ်ကူတွေလာဖို့ရှိပေမယ့်လည်း မလာရဲဘူး။ အဲ့အချိန် လေကြောင်းကလည်း နောက်တစ်ကြိမ်လာသလို ရဲဘော်တွေလည်း သက်စောင့်ကျည်ပဲ ကျန်တော့တာကြောင့် စစ်ကြောင်းမလာခင် ဆုတ်ခဲ့ရပါတယ်” လို့ ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း (၃) တပ်ဖွဲ့ဝင်များ ဇဂျမ်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်နေစဥ်

စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇဂျမ်းကျေးရွာအတွင်းက နေအိမ်၃လုံး ထိခိုက်ပျက်စီးခဲ့သလို အသက် ၅၀ ကျော် အမျိုးသမီး ၁ယောက်သေဆုံးပြီး တပ်ရင်း-၃ တပ်ဖွဲ့ဝင် ၁ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“စကစ ဘက်က အသေအပျောက်ကိုတော့ စုံစမ်းဆဲပါ။ စစ်ကူလာတဲ့ အဖွဲ့တွေက ကျနော်တို့ဆုတ်ပြီးမှ လက်နက်ကြီး လက်နက်ငယ်တွေဖောက်ပြီးဝင်လာတာပါ။ ပြည်သူတွေရဲ့နေအိမ်တွေက ပစ္စည်းတွေကိုသယ်ကြတယ်။ လူနာတင်ကား၊ ဖောကားတွေနဲ့ ဒဏ်ရာရတဲ့သူတွေ လူသေတွေကို တင်ကြတယ်။ နောက်ပြီး စခန်းမှူး ဦးဝင်းမြင့်လည်း ပျောက်ဆုံးနေတာ.. သူကိုင်တဲ့ ပစ္စတိုကို အခြားသူ ကိုင်နေတယ်လို့ သတင်းရထားပါတယ်” လို့ မြင်းခြံခရိုင်တပ်ရင်း ၃ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

မြင်းခြံခရိုင်တပ်ရင်း (၃) တပ်ဖွဲ့ဝင်များ ဇဂျမ်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

စစ်ကောင်စီ စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီအဖွဲ့ဝင် ၂ ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

အကြမ်းဖက် စစ်ကောင်စီရဲ့ အင်းစိန်ထောင်တွင်းတရားရုံးလို့ အများသိကြတဲ့ စစ်ခုံရုံးက ရွှေပြည်သာ သပိတ်ကော်မတီ အဖွဲ့ဝင် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို ပုဒ်မ ၅၀၅ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့တယ်လို့ Shwe Pyi Thar Strike Committee က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်၊ ပေါက်နဲ့ ပခုက္ကူတို့မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့မှုတွေအကြောင်း မြိုင်ပကဖ ထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူဒေသတွင်းက မြိုင်နဲ့ ပေါက်တို့မှာ ထိတွေ့မှု ကြီး၊ ငယ်ဖြစ်ပွားခဲ့တာတွေကို မြိုင်ပကဖက ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာကို ဒီနေ့ မနက်ပိုင်းက ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ YOA အဖွဲ့ဆီက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖိအားပေးခံနေရသည့် စောချစ်သူရဲ့ BGF ကျားဖြန့်နှင့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ ဖွဲ့စည်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် စောချစ်သူ ခေါင်းဆောင်တဲ့ စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က ကျားဖြန့်နဲ့ လူမှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ နှိမ်နင်းရေးအတွက်ဆိုပြီး ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ အထူးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ရေးမငြိမ်သက်နေတဲ့ ဆင်ဖြူကျွန်းမြို့က စစ်ရှောင် ၁၀၀ နီးပါးကို PDF က ကူညီစောင့်​ရှောက်ပေးထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာ ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို လက်ခံစောင့်ရှောက်ထားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။