ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ဟိန္ဒူဘာသာရေးကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ဦး သေဆုံးကာ ၄ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နေ့လည် ၁နာရီခွဲ ဝန်းကျင်အချိန်မှာ ဖြူးမြို့နယ်၊ ဇေယျဝတီ၊ မဲခေါင်အုပ်စု၊ ရမ်းနဂါးဟိန္ဒူဘုရားကျောင်းကို စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲမှုအပြီး မြင်ကွင်းများ
အကြမ်းဖက်စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲမှုအပြီး မြင်ကွင်းများ (ဓာတ်ပုံ ဒေသခံ)
အကြမ်းဖက်စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲမှုအပြီး မြင်ကွင်းများ (ဓာတ်ပုံ ဒေသခံ)
အကြမ်းဖက်စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲမှုအပြီး မြင်ကွင်းများ (ဓာတ်ပုံ ဒေသခံ)

တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ယောက် သေဆုံးသွားသလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး အဲဒီလူတွေထဲမှာ စစ်ဘေးရှောင်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်မှုကို ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ၈၀ မမ ဗုံးသီး အသုံးပြုခဲ့တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

“ပထမတစ်ခါလာကြဲတော့ “ဒုန်း” ဆိုပြီး အနီးအနားက သူတွေကလည်း ဘာဖြစ်တာလဲဆိုပြီး ထွက်အကြည့်မှာ နောက်တစ်လုံး ထပ်ချတော့ ထိတဲ့ သူတွေများသွားတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ထိခိုက်သူတွေထဲမှာ ဘုရားကျောင်းအတွက် သန့်ရှင်းရေးလုပ်ကိုင်ပေးနေသူတွေ၊ ဘုရားကျောင်းမှာ နားခိုနေသူတွေ အပါအဝင် အနီးအနားမှာ တိုက်ပွဲဖြစ်နေတာကြောင့် စစ်ဘေးရှောင်လာသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“ဘုရားကျောင်းထဲက ၇ ဦးကတော့ သေတာပဲ၊ ၄ ဦးမှာ ၃ ဦးကတော့ ဒဏ်ရာမပြင်းဘူး၊ ကျန်တစ်ဦးကတော့ ခြေထောက်ဖြတ်ရဖို့ရှိတယ်” လို့ အထက်ပါ ဒေသခံက ဆက်ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲမှုအပြီး ထိခိုက်သေဆုံးမှုများ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး အလင်းဝင်…

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ခလရ ၂၂၈ တပ်ရင်းက အပတ်စဉ် ၁ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁ ယောက် အလင်းဝင်ရောက်လာခဲ့တယ်လို့ တမူးခရိုင် ၊ အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်က ပြည်ပအကူအညီ ပေးအပ်မှု ၃ လတာ ရပ်ဆိုင်းပြီးနောက် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းအားလုံး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ချက်ချင်းရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်က တောင်ယမားဆည်ကို မြို့နယ် ပအဖ သွားရောက်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံ၊ တိုက်နယ် ပအဖ ခေါင်းဆောင်တွေပ တောင်ယမားဆည်ဆီ သွားရောက်ပြီး ဆည်ရေအခြေအနေ၊ ရေပိုလွှဲကနေ ရေကျော်နေမှုနဲ့ ရေလွှတ်မြောင်းမကြီးက ရေလွှတ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပုလဲမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ
Read More

ဆိပ်ဖြူမြို့နယ်တွင် NUG မှ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်း ပြုလုပ်၊ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့

"သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ယောက်က ပြောကြောင်း NUG ဝန်ကြီးဌာနက သတင်းဖော်ပြထားပါတယ်။