စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံတို့ အဖွဲ့က ၂၀၂၅ နှစ်သစ်မှာ ပုလဲမြို့နယ်အတွင်း လာရောက်ခိုလှုံနေထိုင်နေတဲ့ မကွေးတိုင်း‌၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးက စစ်ဘေးရှောင်ပြည်သူတွေ၊ CDM ပြုလုပ်ထားသူတွေနဲ့ စစ်မှုထမ်းမဲပေါက်တာကြောင့် ထွက်ပြေးလာသူတွေကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ် လူသားစာနာတာဝန်ခံဆီမှာ အလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေနဲ့ မြို့နယ်လူစာနာရံပုံငွေ စုစုပေါင်း ကျပ် ၇၃ သိန်း ၊ အဝတ်အထည်တွေ၊ အနွေးထည်တွေ၊ အနွေးစောင်တွေ၊ ဆန်နဲ့ ဆီတွေအပြင် ကလေးငယ်တွေ ပညာသင်ကြားနိုင်ဖို့ လိုအပ်တဲ့ သင်ထောက်ကူ ပစ္စည်းတွေ စုစုပေါင်း ငွေကျပ် ၁၃၅ သိန်းခန့် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ကူညီထောက်ပံ့မှုကို မြို့နယ် ပအဖ က သက်ဆိုင်ရာ တိုက်နယ် ပအဖ ခေါင်းဆောင်နဲ့ တိုက်နယ်လူစာနာတာဝန်ခံ၊ ရပ်ကျေး ပအဖ၊ ပကဖ တို့နဲ့အတူ သွားရောက်ခဲ့တာဖြစ်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဝက်လက်နယ်တွင် ပအဖ ရုံးအဖွဲ့မှူးနှင့် အမျိုးသမီး ၁ဦး လုပ်ကြံပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်နယ်မှာ ပအဖရုံးအဖွဲ့မှူးနဲ့ အမျိုးသမီး၁ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်၊ ထိခိုက်မှုတွေလည်းရှိကာ အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဦးဇင်း(၁) ပါး ပျံလွန်ကာ (၁) ပါးနဲ့ ပြည်သူ (၁) ယောက် ထိခိုက်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၃) ယောက် ဖမ်းဆီးခံထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။