တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းတွေကို ၃ ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မြိတ်မြို့နယ် လသာကျေးရွာ ဘုရားကုန်းဝန်းကျင်မှာရှိတဲ့ စစ်ကောင်စီတပ်သားရှိရာနေရာကို ၄၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်ခတ်ပြီး တုံဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၃၀ ရက်ကလည်း မြိတ်မြို့နယ် လသာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေရှိတဲ့နေရာကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ထပ်မံပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာ အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွါးကာ စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာလည်း လသာကျေးရွာရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၁ ကြိမ်၊ ၆၀ မမ လက်နက်ကြီးနဲ့ ၂ ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆင်ဖြူကျွန်းမြို့အနီး ကျေးရွာ ၂ ရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ အုန်းတောရွာ နဲ့ ကညှပ်ရွာကို ဇန်နဝါရီ ၃၀ ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့်တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တတ/၁၂၅၇၈၁ တပ်သား-နိုင်လင်းထွန်း ပြောကြားချက် ( ရုပ်/သံ)

အလင်းဝင်လာတာက ကျွန်တော်တို့ကလည်း ငတ်ပြတ်နေပြီ ကျွန်တော်တို့ စိတ်ဆန္ဒမပါဘဲနဲ့ ဒါတွေ ခိုင်းတယ်။ ပြီးတော့ အစားအသောက်ပေါ့ သူတို့ကတော့ စားနေသောက်နေပြီးတော့ ကျနော်တို့က ငတ်ပြတ်ပြီးတော့ ရှေ့ကနေတိုက် သူတို့ကတော့ စားသောက်ပြီး မင်းတို့ သေချင်သေပါစေ ပုံစံမျိုးနဲ့။
Read More

စစ်ကောင်စီ၏ မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများအန္တရာယ်ကင်းစေရန် ဖော်ထုတ် ရှင်းလင်းပေး (ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းအရှေ့အနောက်မှာရှိတဲ့ ရွာတွေကို စစ်ကောင်စီရဲ့ ညောင်လေးပင် ပိန်းဇလုတ်အခြေစိုက် စစ်တပ်စခန်းတွေကနေ လက်နက်ကြီးတွေ၊ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ Royal Peacock Column-P 29913 က ဆိုပါတယ်။
Read More

ကမ္မရဲစခန်းထဲ ဗုံးသီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရဲစခန်းထဲကို ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြားကနေ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ ၁၀၀၃ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင် (ရုပ်/သံ)

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးနဲ့ ဒီမနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM) အဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။