ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းနယ်မြေနဲ့ ဖာပွန်စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တောင်ပိုင်းတိုင်း၊ ဗျူဟာ(၂၇)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်မဟာ-၁၊ တပ်ရင်း(၇၈၀၅)၊ တပ်ခွဲ-၅ (YARMA BRIGADE) မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ကျည်ဆန်လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။

ကျည်ဆန်တစ်တောင့်ဟာ အကြမ်းဖက်စစ်တပ်ကို ဖြိုခွင်းဖို့ရာ အရေးပါသလို စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ရာလည်း အလွန်အရေးပါပါတယ်။

လိုအပ်နေတဲ့ ကျည်ဆန်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ ရည်ရွယ်ပြီး YARMA BRIGADE က “ကျည်ဆန်ကူညီ ရန်ကုန်ဆီ” ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

တော်လှန်ပြည်သူတွေအနေနဲ့ ၁၆ ကျည်တစ်တောင့်ကို ၅၀၀၀ ကျပ်၊ AK ကျည်တစ်တောင့်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၅ ရက်အတွင်း ပြုလုပ်ထားတဲ့ “ကျည် ဆန်ကူညီ ရန်ကုန်ဆီ” ကမ်ပိန်းမှာ ပါဝင်ကူညီထောက်ပို့ပေးကြဖို့ YARMA BRIGADE တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ပါဝင်ကူညီထောက်ပို့ကြမယ့် မိဘပြည်သူတွေအနေနဲ့ သထုံခရိုင် PDF တပ်မဟာ ၁၊ တပ်ရင်းအမှတ်-၇၈၀၅ ၊ တပ်ခွဲ-၅ ဖေ့စ်ဘွတ်ခ်ပေ့ချ်စာမျက်နှာမှာ အသေးစိတ် ဆက်သွယ်မေးမြန်းပြီး လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းကျောက်ဝိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအများအပြား ဝရုန်းသုန်းကားထွက်ပြေးရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူအများ အပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ် တည်ပင်ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အင်းတော်မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲမှု ပြည်သူ ၂ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မြို့မဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီ ၁ ရက် ‌လေကြောင်းဗုံးကြဲမှု လုပ်ဆောင်ခဲ့တယ်လို့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ ပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာပျူစခန်းကို မတ်လ ၉ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖထံက သိရပါတယ်။
Read More

စလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်၊ စစ်သားနဲ့ ပျူ ၈ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အနောက်ဘက်ရှိ ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနဲ့ ဆင်ကျုံးကြား အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဧပြီ ၂၆ ရက် ဒီနေ့မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါ တယ်။