စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းမှာ မုံရွာမြို့ထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာကား ၆ စီးပါယာဥ်တန်းက ၄ စီးမြောက်လိုက်ပါလာတဲ့ ကားကို မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေပိုးစားကြား အသင့်ပြင်ထားတဲ့ ပဒေသာမိုင်း ၄ လုံး၂ ပွိုင့်နဲ့ မိမိရရ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့် သံပြားကာ ကား ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊နွေဦးလူငယ် People’s Defence Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force၊ Pentagram၊ မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီကားတန်းတွေကို ဝေးဝေးက ရှောင်ရှားကြဖို့နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ကြုံကြိုက်ရင် ရောက်တဲ့နေရာက ရပ်တန့်ပေးဖို့ မုံရွာခရိုင်အမှတ် (၁၁) တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးကုတ်နှင့် သပိတ်ကျင်းကို စစ်ကြောင်းထိုးသည့် အထိုင်စခန်းတစ်ခုဖြစ်သော တကက ၁၃ သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ဦး သေပြီး သင်တန်းဆောင်များ မီး​လောင်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ မဟာမိတ်အင်အားစုတွေအတွက် အားဖြည့်ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
Read More

ကန့်ဘလူတွင် ဝါသဝနှင့် စစ်ကောင်စီတပ်တွေ ကျေးရွာ ၂ရွာကို ဝင်ရောက်စီးနင်း ကလေးငယ်အပါ အရပ်သား၃ယောက်ကို သတ်ပြီး ၃၀နီးပါးကိုလည်း လူသားဒိုင်းလုပ် ဖမ်းဆီးထား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းဒေသ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဆင်ရေးအဖြစ် ရေတာရှည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်၊ စစ်တပ်မှ တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ဦး သေဆုံး

ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က တပ်ရင်းမှူး ညီညီနိုင် အပါအဝင် (၁၅) ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

၅၀၅ (က) လွတ်ငြိမ်းခွင့်နှင့် အမှုပိတ်သိမ်းမှုများအပေါ် စစ်ကော်မရှင်ကို စစ်လော်ဘီများ ဝေဖန်ပြစ်တင်

အတုအယောင် ရွေးကောက်ပွဲပုံရိပ်အတွက် ပုဒ်မ ၅၀၅ (က) နဲ့ ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ တရားစွဲဆိုခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့မှုအတွက် အကြမ်းဖက်စစ်တပ်လော်ဘီတွေကြား စစ်တပ်အပေါ် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Read More

ကမ္ဘာကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ အကြိုဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို သပိတ်ကော်မတီက ဆုချီးမြှင့်

စစ်ကိုင်းတိုင်းအတွင်း နိုဝင်ဘာ ၂၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာကလေးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ တာဝန်ခံ နဲ့ တိုက်နယ် (၃) ပညာရေး တာဝန်ခံတို့ကြီးမှူးကျင်းပတဲ့ စွမ်းရည်ပြိုင်ပွဲ အကြိုပြုလုပ်ရာ ဆုရတဲ့ ကျောင်းသားကျောင်းသူတွေကို မုံရွာ-အမြင့်လမ်း သပိတ် ဦး‌ဆောင်ကော်မတီက သွားရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၂၁ နှစ်အရွယ် တော်လှန်ရေးရဲဘော်ရဲ့ အရိုးပြာအိုးကို မိဘတွေရှေ့မှာ ဂူသွင်းသင်္ဂြိုဟ်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်ရဲ့ အရိုးပြာအိုးကို မိဘတွေရှေ့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ ယင်းမာပင်တပ်ရင်း - ၆ ဆီက သိရပါတယ်။