မကွေးတိုင်း၊ ကံမမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာက အကြမ်းဖက်စစ်တပ်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၇ ရက်ညပိုင်းမှာ သရက်ခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၂) ရဲဘော်တွေက ရန်သူစစ်တပ်ခန့် အုပ်ချုပ်ရေးမှူးကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးကာ ရွာအပြင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာအုပ်ချုပ်ရေးမှူးဟာ ကံမမြို့နယ်အတွင်း စစ်မှုထမ်းအတွက် လူမပေးနိုင်တဲ့ ရွာတွေကို ငွေ သိန်း ၁၀၀ ကောက်ခံကာ ရလာတဲ့ ပိုက်ဆံကို အကြမ်းဖက်စစ်သားတွေနဲ့ အချိုးကျ ခွဲဝေယူနေတယ်လို့ ဆိုပါတယ်။

ညောင်ပင်ကွင်းရွာမှာလည်း အကြမ်းဖက်စစ်သား စုဆောင်းရေးအတွက် တစ်အိမ်ထောင်ကို ငွေကျပ် ၁ သိန်းနှုန်းနဲ့ နှစ်လတစ်ကြိမ် ကောက်ခံနေတယ်လို့ တိုင်ကြားမှု ရထားတဲ့အတွက် ဝင်ရောက်ဖမ်းဆီးကာ ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်း က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်အိမ်တောင်စခန်း စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ၄ ဦး သေပြီး လက်နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အရှေ့ဘက်ခြမ်း ထိုင်း - မြန်မာ နယ်စပ်ရှိ နတ်အိမ်တောင်စခန်းကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ ( ၃၃ ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်းရာ စစ်ကော်မရှင်တပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းပျူစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 
Read More

အကြမ်းဖက်စစ်တပ်၏ လွတ်ငြိမ်းအရ အင်းစိန်ထောင်မှ ၁၉၀ ကျော် လွတ်မြောက်

အတုအယောင် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ ပုဒ်မ ၅၀၅  (က) နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရသူတွေထဲက အကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၃၀၈၅ ယောက်ကို အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းခွင့်ပေးမယ်လို့ မနေ့က ကြေညာခဲ့အပြီး ဒီနေ့မှာ အင်းစိန်အကျဉ်းထောင်က အယောက် ၁၉၀ ကျော် လွတ်လာခဲ့တယ်လို့ သိရပါတယ်။
Read More

စတင်တာဝန်ထမ်းချိန်မှ ကျဆုံးချိန်အထိ အနစ်နာခံ တာဝန်ကျေပွန်ခဲ့သည့် အသက် (၂၄)နှစ်အရွယ် ရဲဘော် ဂတုံး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) - Spring Warriors Column က ရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန် မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်လာသလို ပိုပြီးပြင်းထန်လာဖို့ရှိနေ

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကုန်မြို့ပြစစ်ဆင်ရေးတွေ ခပ်စိပ်စိပ်ပြန်ပေါ်လာသလို ဒီထက်ပိုပြီး အရှိန်မြှင့်သွားမယ်လို့လည်း  ရန်ကုန်ပြောက်ကျားတပ်ဖွဲ့တွေဆီက သိရပါတယ်။