မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်ပြည်သူ့စစ်တွေ နေထိုင်တဲ့ ညောင်ဦး-မြင်းခြံလမ်းပေါ်က ဆင်ဖြူ ကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၃၀ရက် မနက်အာရုဏ်တက်ချိန်က အကြမ်းဖက်ပြည်သူ့စစ်ခေါင်းဆောင် ဝင်းကိုနဲ့ တပည့်တွေ နေထိုင်တဲ့ ဆင်ဖြူရွာကို တော်လှန်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်တွေ ပြန်ပြီးတိုက်ခိုက်ခြင်းမရှိဘဲ ထွက်ပြေးကုန်ကြတယ်လို့ သိရပါတယ်။ 

အဲ့ဒီနောက် ပြည်သူ့စစ်တွေ ကိုင်ဆောင်တဲ့ တူမီး ၁လက်၊ ပြောင်းချောသေနတ် ၂လက် ၊ ၂၂သေနတ် ၁လက် ၊ ပါရီသေနတ် ၁လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကိုဇီးကပြောပါတယ်။

ဆင်ဖြူရွာမှ သိမ်းဆည်းရမိသည့် ပြည်သူ့စစ်များ၏ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ

“ကျနော်တို့ ဝင်တိုက်တဲ့အချိန် ဒီကောင်တွေ ထွက်ပြေးကုန်တာပါ။ ဒီရွာက ပြည်သူ့စစ်ရွာရယ်လို့တော့ မဟုတ်ပါဘူး။ ဝင်းကိုနဲ့ အပေါင်းအပါတွေပါ ၈ယောက်ပဲရှိတာ။ အဲ့ဒါ စကစ က ကျေးရွာကာကွယ်ရေးအတွက် ဆိုပြီး နာမည်ခံရင်း အုပ်စုဖွဲ့ပေးထားတာပေါ့။ ရွာကို လက်နက်ပြ ဗိုလ်ကျနေတဲ့ အဖွဲ့ပါ။ စခတွေလည်း မကြာခဏလာတယ်။”  လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကိုပြောပါတယ်။

ဒီစီးနင်းတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ်ပကဖ(ပုဂံပြည်ဘီလူးတပ်)နဲ့အတူ တောင်သာမြို့နယ် ပကဖ ၊ ညောင်ဦးခရိုင် တပ်ရင်း၅ ၊ BGF ( Burmese Gurellia Force) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ဂန့်​ဂေါတွင် ​​ခလရ ၅၀ ဗျူဟာမှူး လှမျိုးထွဋ်နှင့်အပေါင်းအပါများ စစ်ကြောင်းထိုး၊ လူဖမ်း၊ ရိက္ခာခိုးနေ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀တပ်က ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးနေသလို စားနပ်ရိက္ခာတွေကိုလည်း ကားတွေနဲ့ ခိုးယူသယ်ဆောင်နေကြောင်း ယောအလင်းတန်းအဖွဲ့တာဝန်ရှိသူတွေက မောင်းကို ပြောပါတယ်။
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

သထုံအကျဉ်းထောင်တွင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင် ကျဆုံး

မွန်ပြည်နယ်၊ သထုံအကျဥ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံအောင်ဟာ အကျဉ်းထောင်အတွင်းမှာပဲ ကျဆုံးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

NUG ယာယီသမ္မတရဲ့ နှစ်သစ်ကူးလွတ်ငြိမ်းသာသာခွင့်အမိန့်အရ ပုလဲ ပအဖ က အကျဥ်းသား ၅ ယောက်ကို လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ် ၁ / ၂၀၂၅ အရ လွတ်ငြိမ်းသက်သာခွင့်ရရှိတဲ့ ပုလဲမြို့နယ် အကျဉ်းထောင်က အကျဉ်းသား ( ၅ ) ယောက်ကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုလဲမြို့နယ် တရားစီရင်ရေးအဖွဲ့တို့က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းလှမှာ USDP ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်..

“ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်တိုက်ခိုက်ခဲ့တာပါ။ မြို့တွင်းနေရာဖြစ်နေတော့ ပြည်သူ မထိခိုက်ရေး အဓိကထား လုပ်ဆောင်ခဲ့ပါတယ်” လို့ မြေအောက်ပျောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီ ၂ ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။