မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ရွာကနေ အင်အားအလုံးအရင်းနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တောလမ်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက ပျူစောထီး ၂ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားကာ လယ်သစ်ရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို Freedom Fighter Guerrilla Force ၊ LACR ၊8 Stars နဲ့ တော်လှန်ရေးမဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၅ ယောက်သေပြီး ခဲယမ်းအချို့သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့နယ် တောင်ငူ-လိပ်သိုလမ်းမပေါ်မှာ ခမရ ၆၀၃ တပ်ရင်းကို ရိက္ခာပို့ပြန်လာတဲ့ စစ်ယာဉ်တန်းနဲ့ ထိုးဝါးချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက် ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Kenni Twilight Zoneမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် ခြောက်အိမ်စုရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို KNDO နဲ့ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအပါအဝင် ၈ ယောက်သေဆုံး (ရုပ်/သံ)

နေပြည်တော် ပျဉ်းမနားမြို့နယ် ခြောက်အိမ်စုရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ကို နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက KNOD နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၈၄ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အပါအဝင် စစ်သား ၈ ယောက်သေဆုံးခဲ့တယ်လို့ KNDO တပ်ခွဲ ၄ထံက သိရပါတယ်။
Read More

နှစ်သစ်ကူးည ပျဉ်းမနားမှာ မီးလောင်ပြီး လူဦးရေ ၃၄၀ ကျော် မီးဘေးသင့် (ရုပ်/သံ)

နေပြည်တော်နယ်မြေ ပျဉ်းမနားမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး လူဦးရေ ၃၄ဝ ကျော် မီးဘေးသင့်ကာ အကူအညီတွေလိုအပ်နေတယ်လို့ မိုးစေတနာပရဟိတအသင်းက အသိပေးထားပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

Popa Guerilla Force(PGF)တပ်ဖွဲ့ သင်တန်း အပတ်စဉ်(၂) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force(PGF)တပ်ဖွဲ့ သင်တန်း အပတ်စဉ်(၂) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်း အနားကို ဧပြီ ၉ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းဆင်းပွဲမှာ Popa Guerilla Force(PGF)တပ်ဖွဲ့ တာဝန်ခံ ရဲဘော်ကြခတ်နဲ့ ဒုတာဝန်ခံ ရဲ ဘော်ဗျတ္တတို့မှ သင်တန်းဆင်းရဲဘော်များအား ခွန်အားဖြည့်အမှာစကား‌ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မင်းရွာအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၅ ကြောင်းခွဲ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။