ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ကိုင်းခရိုင်အမှတ် (၃) တပ်ရင်းအနေနဲ့ လှုပ်ရှားနယ်မြေအတွင်းက ဒေသခံအဖွဲ့အစည်းတွေကို အခြေခံစစ်ပညာပေး သင်တန်းပြုလုပ်ကာ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတဝန်း မြင့်တက်လာတဲ့ စစ်ရေးအရှိန်နဲ့အတူ စစ်ရေးအသိတွေ တိုးမြင့်လာဖို့အတွက် အခုလို ဒေသခံအဖွဲ့အစည်းတွေကို သင်တန်းပေးခဲ့တာဖြစ်ပြီး သင်တန်းမှာ အခြေခံစစ်ပညာရဲ့ ‌သဘောတရားတွေကို လေ့ကျင့်သင်ကြား‌ပေးခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်လက်အောက်ခံ UEC ထုတ်ပယ်လိုက်သည့် NDF ပါတီ အခွင့်အရေးရှိရင် ရွေးကောက်ပွဲ ပြိုင်ခွင့်ရချင်သေးကြောင်း စာထုတ်

အကြမ်းဖက်စစ်တပ်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပါတီဝင်အင်အားနဲ့ ရုံးခန်းအရေအတွက်တွေ ပြသနိုင်ခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရတဲ့အပေါ် အခွင့်အရေးရှိရင် ဆက်ပြီးပါဝင်ခွင့်ရချင်သေးကြောင်း (NDF) ခမောက်ပါတီက စက်တင်ဘာလ ၁၀ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

မြဝတီမြို့ပေါ်ကို စစ်ကောင်စီတပ်သားတွေ လေထီးနဲ့ဆင်းပြီး အင်အားဖြည့်တင်းရာမှာ လေထီးမပွင့်ဘဲ သေဆုံးမှုတွေရှိ

မြဝတီမြို့အနီးကို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ လေထီးနဲ့ ဆင်းသက်ခဲ့ပြီး လေထီးမပွင့်လို့ သေဆုံးသူနွေလည်းရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

PDF တပ်ဖွဲ့အတွင်း ဆက်သွယ်ဝင်ရောက်လာတဲ့ အသက်မပြည့်ကလေးငယ်တွေကို မိဘအုပ်ထိန်းသူများဆီ ပြန်လည်အပ်နှံ…

" အခုလို မိသားစုကို ပြန်ပြီးအပ်နှံပေးတာ ဒုတိယအကြိမ်ပါ။ပထမအကြိမ်က ကလေးတွေနဲ့ မိသားစုရဲ့ လုံခြုံရေးအခြေအနေကြောင့် လိုင်းပေါ်မတင်ခဲ့ပါဘူး။ အခုတော့ စိုးမိုးနယ်မြေထဲကဖြစ်လို့ ပြည်သူကိုအသိပေးတာပါ။ ကျနော်တို့ကတော့ ဂျီနီဗာကွန်ဗန်းရှင်းကို လိုက်နာကျင့်သုံးပါတယ်။ ပြည်သူနဲ့တသားတည်းလည်းရှိနေပါတယ်။" လို့ မြင်းခြံခရိုင် ပကဖ တာဝန်ရှိသူ ၁ယောက်ကမောင်းသတင်းဌာနကိုပြောခဲ့ပါတယ်။
Read More

လောင်းလုံးမှာ ပျူစောထီးစစ်စခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးစစ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်က ဒီနေ့ ထုတ်ပြန်ပါတယ်။