မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးနားက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် အနည်းဆုံး ဒေသခံ ၄၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ယောက် သေဆုံးခဲ့ရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

“မြစ်ခြေမြို့အနီးက အင်ဝိုင်း၊ မုန်းနတ်ကုန်း၊ ထန်းတောချောက်၊ ဖက်ပင်၊ မုန့်ကုန်၊ ပန်းချီစု၊ သန်ဇင့်၊ သရက်တော၊ တိုးချဲ့၊ ကြက်လျှာ၊ ရွာသာအေး၊ ဆွဲကြီး၊ အိုးဘို ကျေးရွာ၁၃ ရွာက ဒေသခံ ၄၀၀၀ ကျော် ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရတယ်” လို့ အင်ဝိုင်းကျေးရွာကနေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသူတစ်ယောက်က မောင်းကိုပြောပါတယ်။

မြစ်ခြေမြို့အနီး ကျေးရွာတွေကို အကြမ်းဖက်စစ်တပ် မီးရှို့နေပုံ

ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းနေတဲ့ အကြမ်းဖက်စစ်သားတွေဟာ ပခုက္ကူမြို့ တပ်မ ၁၀၁ က လို့ သိရပြီး ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ယူဆောင်သွားကာ ရွာတွေကို မီးတင်ရှို့နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကပစ စက်ရုံတွေဆီ ရိက္ခာပို့ဆောင်ရေး သွားဖို့အတွက် လမ်းကြောင်းပေါ်မှာရှိနေတဲ့ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာလို့လည်း ဒေသတွင်း သတင်းရင်းမြစ်တချို့က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်း စစ်တပ်မှ တပ်ကြပ် ၁ ဦးနှင့် စလင်းအခြေစိုက် ခလရ ၂၅၃ မှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ် ၁ ယောက်နဲ့ ခလရ ၂၅၃ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ပါတယ်။
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

မယ်ဇလီ-ဆည်တော် ကြိုးတံတားက ဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ယောက် သေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မယ်ဇလီ-ဆည်တော် ကြိုးတံတားက စစ်ကောင်စီဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နတ်ရေကန်စခန်း ဗျူဟာကုန်း တိုက်ပွဲများမှ ပြေးလာသည့် စစ်ကော်မရှင်တပ်သား ၂၆ ဦးကို CDF-Asho ဖမ်းမိခဲ့ပြီး နယ်မြေရှင်းလင်းချိန် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မကွေးနဲ့ ရခိုင်အစပ်၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတိုက်ပွဲတွေကနေ ၂ လအတွင်း စစ်မှုထမ်းတပ်သား ၂၆ ယောက် အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၄ လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိထားကြောင်း CDF- Asho သတင်းတာဝန်ရှိသူ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။
Read More

ကံမတွင် ရွေးကောက်ပွဲနေ့ မဲရုံများ လိုက်လံစစ်ဆေးသည့် ထွေအုပ် အုပ်ချုပ်ရေးမှုးနှင့် တပည့် ဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ရွေးကောက်ပွဲမဲရုံတွေကိုလိုက်လံ စစ်ဆေးတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး နဲ့ တပည့်ဖြစ်သူ တိုက်ခိုက်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ကို NUG က အသိအမှတ်မပြုဘဲ ဖျက်သိမ်းကြောင်း ကြေညာ

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။