၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ၊ ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) ၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC – Mindat) ၊ မရာနယ်မြေအုပ်ချုပ်ကောင်စီ (MTC) ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) (CDF – Kanpetlet) နဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ(၁) တို့ ပူးပေါင်းပြီး ချင်းညီနောင်အဖွဲ့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ရဲဘော်တွေဟာ တစ်နှစ်တာကာလအတွင်း မြို့သိမ်း၊ စခန်းသိမ်းတွေ အပါအဝင် တိုက်ပွဲပေါင်း ၁၀၀၀ ကျော်ကို ချင်းပြည်နယ်တင်မက မကွေး၊ စစ်ကိုင်းနဲ့ ယောနယ်တွေမှာပါ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ တစ်နှစ်ပြည့်ခမ်းအနားမှာ ထန်ချွန်းဖေက ပြောခဲ့ပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး ၁ နှစ်အတွင်း တိုက်ပွဲတွေမှာ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့တွေကို သိမ်းပိုက်ခဲ့ပြီး လေယာဉ်ပစ်စက်သေနတ်အပါအဝင် လက်နက်ကြီးငယ် ၁၀၀၀ ခန့် ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်း ၆၀၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီရဲ့ အဓမ္မဖမ်းဆီးချုပ်နှောင် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်တာ ကာလအတွင်း စစ်ဆင်ရေးတွေမှာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တွေက ရဲဘော်တွေ ၂၅၀ ခန့် ကျဆုံးခဲ့ပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ချင်းညီနောင်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိပညာဉ် (၂) အရ ဖွဲ့စည်းထားတဲ့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှာ အပြည့်အဝပါဝင်နေတယ်လို့လည်း တစ်နှစ်ပြည့်ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် သူတို့စိုးမိုးထိန်းချုပ်ရာ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ကျင်ဒွေးနဲ့ မရာနယ်မြေတွေအတွင်း အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး၊ တရားစီရင်ရေးနဲ့ အခြားပြည်သူ့ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါးလရှီးလ၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး တို့အပြင် မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ ဂုဏ်ပြုတက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်နဲ့ တော်လှန်ရေး မဟာမိတ် အဖွဲ့ပေါင်း ၂၀ ကျော်ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လည်လွတ်‌မြောက်လာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

အုပ်ချုပ်ရေးမှူး ချောင်းရိုက်ခံရမှုအတွက် မသင်္ကာလို့ ဖမ်းဆီးခံထားရသူတွေ စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်း ပို့ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခေါင်းကြီး သန်းထွန်းဆိုသူ ချောင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး မသင်္ကာလို့ ဖမ်းဆီးခံထားရတဲ့ လူငယ်တချို့ကို စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် စစ်သင်တန်းကျောင်း ပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ခေါပုတ် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်း ၁၄ လောင်း ရရှိပြီး စစ်ကောင်စီ ဗိုလ်ကြီး ၃ယောက် အပါအ၀င် စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့

ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး ၃ ယောက်အပါအဝင် စစ်သုံ့ပန်း ၁၇ ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်သား အလောင်း ၁၄ လောင်းကိုပါ ရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီးကို ရန်ကုန်မှာ ၄ နာရီလာ ၈ နာရီပြတ်စနစ်နှင့်အတူ နေပြည်တော်မှာလည်း တစ်ရက် ၆ နာရီ မီးပြတ်မည်

ရန်ကုန်မှာ လျှပ်စစ်မီးအလှည့်ကျပေးမှုကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ကျင့်သုံးမှုနဲ့အတူ စစ်ကောင်စီအဓိက အခြေစိုက်တဲ့ နေပြည်တော်မှာလည်း တစ်ရက်ကို ၆နာရီလောက်အထိ လျှပ်စစ်မီးပြတ်တောက်သွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ လျှပ်စစ်၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းမြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများမှာ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။