တောင်ကိုရီးယားနိုင်ငံ၊ အမျိုးသားလွှတ်တော် အမျိုးသားမူဝါဒကော်မတီအဖွဲ့ဝင် အမတ် အီဂန်းအီလ် (Lee Kang-il) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးတို့ဟာ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာ မြန်မာ့တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်တွေအတွက် အချိန် ၁ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ချောင်ဂျူး ဆန်ဒန်မြို့နယ်ရဲ့ ရွေးကောက်ခံအမတ် အီဂန်းအီလ်နဲ့အတူ အတွင်းရေးမှူး ဂွန်ထဲဟွန်တို့က မြန်မာ့တော်လှန်ရေး လက်ရှိအခြေအနေနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကို အသေးစိတ် မေးမြန်းဆွေးနွေးရာ NUG ကိုယ်စားလှယ်ရုံးရဲ့ ရုံးအဖွဲ့မှူး ဦးစိုးမိုးသူနဲ့ စီမံရေးရာတာဝန်ခံ ဦးဝင်းပေါ်မောင်တို့က ပြန်လည် ဖြေကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်အမတ်အီ ကလည်း လူ့အခွင့်အရေး၊ ဒုက္ခသည်အရေးနဲ့ အလုပ်သမားရေးတို့ကို စိတ်ဝင်စားသူဖြစ်တာကြောင့် မြန်မာ့တော်လှန်ရေးအတွက် အဆိုပါကဏ္ဍတွေက လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အမတ်အီက ကိုရီးယားနေ တော်လှန်ပြည်သူတွေရဲ့ ဗီဇာဆိုင်ရာ အခက်အခဲတွေကို အလေးထား ဆောင်ရွက်နိုင်ဖို့နဲ့ မတရားဖမ်းဆီးခံရသူတွေ၊ စစ်ဘေးကြောင့် အကျပ်အတည်းဖြစ်နေရသူတွေကို ကူညီနိုင်ဖို့ နည်းလမ်းရှာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

NUG ကိုယ်စားလှယ်ရုံးကလည်း အရင်က ရှိခဲ့ဖူးတဲ့ မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အမတ်တွေကို ပြန်လည်ဖွဲ့စည်းရေး၊ လွှတ်တော်တွင်း ကြားနာပွဲတွေ ကျင်းပရေး၊ NUG ၊ CRPH တို့နဲ့ ကိုရီးယားလွှတ်တော် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အခုနှစ်အတွင်း ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ERO တို့ရဲ့ နယ်မြေစိုးမိုးမှုတွေ ကျယ်ပြန့်လာတာနဲ့အမျှ မြန်မာပြည်တွင်းက ကိုရီးယား ရင်းနှီးမြှုပ်နှံမှုတွေအတွက် လွှတ်တော်အနေနဲ့ အလေးထားစဉ်းစားဖို့နဲ့ လိုအပ်တဲ့ ဆွေးနွေးမှုတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ NUG ကိုယ်စားလှယ်ရုံးက တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ကိုတင်ဌေးအောင်နဲ့ ရုံးအထောက်အကူပြုအဖွဲ့ဝင် ကိုကျော်မင်းသန်းတို့လည်း တက်ရောက်ပြီး ကိုရီးယားက လူငယ်တွေရဲ့ တော်လှန်ရေးလုပ်ဆောင်မှု အခြေအနေတွေကို ဖြည့်စွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

သတ္တုလုပ်ငန်းကြောင့် ညစ်ညမ်းလာသည့် မြစ်ရေကို သန့်စင်ရန် ထိုင်းအစိုးရဆည်ဆောက်ဖို့ပြင်

ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

ထိုင်းနိုင်ငံ တောအုပ်တစ်ခုထဲရှိ ကား ၃စီးပေါ်တွင် တရားမဝင် မြန်မာလုပ်သား ၅၅ ဦး ဖမ်းမိ၊ ကားမောင်းသူများ ရဲမလာခင် ထွက်ပြေးသွား

ထိုင်းနိုင်ငံ Khao Khi Foi ခရိုင်ခွဲထဲက တောအုပ်တစ်ခုမှာ စွန့်ပစ်ထားတဲ့ ကား ၃စီးကနေ မြန်မာနိုင်ငံသား ၅၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့် စစ်ကောင်စီရဲ့ ကန့်ကွက်မှုကို တီမောပယ်ချ

တီမောလက်စ်တေကို အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်ခွင့်အပေါ် စစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ “အကျိုးမရှိ၊ မလျော်ကန်ဘူး” လို့ တီမောသမ္မတက ပယ်ချလိုက်ပါတယ်။ 
Read More

မြန်မာကလေး ၂၀၀ နီးပါး ပညာသင်ကြားနေတဲ့ ကျောင်းကို ထိုင်းအစိုးရ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သုညမှ စခဲ့သည့် တော်လှန်ရေး ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်မှုကြောင့် အောင်မြင်နေ၊ တော်လှန်ရေးတပ်များ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

Asia Society က မတ်လ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Myanmar/Burma 2025: Challenges and Opportunities ဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။