ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်တောင်းခံနေတာကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီခရိုင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းမှာ မြဝတီခရိုင် ရဲစခန်းကို သတိပေးတဲ့အနေနဲ့ Cobra စစ်ကြောင်းရှိ Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲပြီး သတိပေးတိုက်ခိုက်ခဲ့ရာ ရဲ ၃ ယောက်နဲ့ ရဲမိသားစုဝင် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြဝတီရဲစခန်းက ရဲတွေအနေနဲ့ ပြည်သူအပေါ် ဖမ်းဆီး ခြိမ်းခြောက် ငွေညှစ်နေတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ မလိုက်နာရင် ပိုမိုပြင်းထန်တဲ့ အကျိုးဆက်တွေ ခံစားရမယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဆိုပါတယ်။

မြဝတီမြို့နေ ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အခြေချ နေထိုင်ရာနေရာတွေနဲ့ နီးကပ်စွာ မနေထိုင်ကြဖို့ကိုလည်း Federal Wings ဒရုန်းတပ်ဖွဲ့က မေတ္တာ ရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် (၄) ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တွေကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပုသိမ်ထောင်သို့ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ကနေ ထောင်ပြောင်းရွေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် တခြားအကျဉ်းသား အားလုံး ပုသိမ်ထောင်ကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုတွင် စပါးရိတ်စက်များ လာလုသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၄ဦးသေ၊ ပစ္စည်းများအား ပိုင်ရှင်ထံ ပကဖများ ပြန်အပ်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားတောင်သူတွေ​ဆီက စပါးရိတ်စက်တွေ လုယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ပျူစောထီး ၄ယောက်သေဆုံးကာ စပါးရိတ်စက် ၁စီးကို တောင်သူတွေထံ ပြန်ပေးနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပခုက္ကူမှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီ ရဲတပ်သား ၁ ယောက်ကို လက်နက်တွေနဲ့အတူ ပစ်ခတ်ဖမ်းဆီးရမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပြည်သူ့စစ်ရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ အနီးကပ်ချောင်းမြောင်းချိန် ကင်းပတ်ထွက်လာတဲ့ ရဲတပ်သားတစ်ယောက်ကို လက်နက်နဲ့တကွ ပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (Thurain-TR) က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။