စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေက လူကြီး၊ လူငယ်မရွေး၊ ယောက်ျား မိန်းမ မရွေး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရေဦးမြို့မဈေးမှာ ဈေးရောင်းကြတဲ့ အောင်မင်္ဂလာရပ်ကွက်က ဈေးသည်အမျိုးသမီး ၁၀ ယောက် ကျော်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“လူငယ်လူလတ် လူကြီးတွေပါ မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးလာကြပြီ….လက်ရှိ ပြည်သူတွေ ဘယ်နှယောက် ဖမ်းခံရလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူး“ လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းကို ပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၉ရက် ည ၈နာရီကျော် ဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်စွဲထားတဲ့ ရေဦးတိုင်းရင်းဆေးရုံကနေ ရေဦးမြို့ရဲ့ တောင်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက ရွာတွေထံကို လက်နက်ကြီးတွေနဲ့ ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သူကဆိုပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်တွေက အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ၊ ဇီးခြံ စတဲ့ရပ်ကွက်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကိုထူးခန့်ဇော်ကပဲ ဆက်လက်ပြီး “လူငယ်တွေလည်း အဆွဲခံထားရတာတွေရော မြို့ကိုစွန့်ခွာထွက်ပြေးကြတဲ့ သူတွေရော ရှိတာကြောင့်  ပြည်သူမရှိတဲ့နေအိမ်က ပိုများလာပြီ… နေ့ခင်းဘက်ရော ညပိုင်းရော ဧည့်စစ်မယ့်ပုံစံနဲ့ တံခါးတွေ အတင်းဖွင့်ခိုင်းပြီး ယောက်ျားသား လူငယ်မရှိရင်တောင် လူလတ်/လူကြီးဆွဲနေတယ်” လို့ ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ ရေဦးမြို့ပေါ်က ပြည်သူ ၃ပုံ ၂ပုံဟာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲတဲ့ ရန်ကို ကြောက်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်ကောင်စီတပ်သား ၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၆ ယောက် လက်နက်တွေ ယူဆောင်ပြီး ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတယ်လို့ People's Servant Revolution - Wetlet က ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို ပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဥ်တန်း လမ်းမှာကားမှောက်ပြီး စစ်သား ၆ ယောက် သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နယ်မြေများ လက်လွှတ်ခဲ့ရသည့်အပေါ် MDY-PDF တောင်းပန်၊ ဆုံးရှုံးနယ်မြေများအား ပြန်လည်သိမ်းပိုက်မည်ဟု ကတိပြု၊

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီညီ ဆင်နွှဲခဲ့တဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ သိမ်းပိုက်စိုးမိုးထားနိုင်ခဲ့တဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးခဲ့ရတဲ့အပေါ် တောင်းပန်ကြောင်းနဲ့ အဆိုပါဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်သွားမှာဖြစ်ကြောင်း MDY-PDF က ဒီကနေ့ အသိပေးထုတ်ပြန်လာပါတယ်။
Read More

ပြည်တွင်းရွှေစျေး အတက်ကြမ်းနေ၊ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၆၈ သိန်းအထိ မြင့်တက်လာ

ရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး အတက်ကြမ်းလာပြီး ရွှေတစ်ကျပ်သားကို ကျပ်နှစ်သိန်းလောက် မြင့်တက်လာ တယ်လို့ ပြည်တွင်းရွှေစျေးကွက်ထံက သိရပါတယ်။
Read More

မလှိုင်မှာ ရှေ့တန်းပို့ခံရမှာကြောက်လို့ ထွက်ပြေးတဲ့ ရဲတွေကို စစ်ကောင်စီ လိုက်လံရှာဖွေနေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့မှာ ရှေ့တန်းပို့ခံရမှာစိုးတာကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထွက်ပြေးတိမ်းရှောင်နေပြီး စစ်ကောင်စီက လိုက်လံရှာဖွေနေကြောင်း မလှိုင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။