၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မဟာမိတ်တွေနဲ့အတူ သိန္နီ၊ လားရှိုး၊ မိုးမိတ်၊ သီပေါမြို့သိမ်းတိုက်ပွဲတွေကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေနဲ့ တပ်ဖွဲ့ရဲ့ ခြေတလှမ်းတိုင်းဟာ အဖိနှိပ်ခံ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ဖြစ်စေရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် ၉ မှ တွေ့ဆုံခြင်းအခမ်းအနားပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ SSNDF / KNDF  ဗျူဟာအမှတ် ၉ က ရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဖျာပုံမြို့ပေါ် နေရာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး လစဉ်ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းတွေကို ထောက်ပံ့ဖို့ဆိုပြီး ရပ်ကွက်အတွင်း နေထိုင်သူတွေဆီကလစဉ် ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဖျာပုံမြို့ နေထိုင်သူတွေဆီက သိရပါတယ်။
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို မယုံကြည်သူ ၉၈ ရာခိုင်နှုန်းရှိဟု စစ်တမ်းကောက်ယူမှုအရ သိရ 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် အတုအယောင်‌ ရွေးကောက်ပွဲကို မယုံကြည်တဲ့သူဟာ ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း (Platform for People Movement) ကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။ 
Read More

နိုင်ငံတစ်ဝန်း မေလအတွင်းတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၉၇) ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း မေလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၉၇) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။