အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား အင်အား ၁၂၀၀ ကျော် သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော် သေဆုံးတယ်လို့AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်တောင်ဘက်ဆုံး ဂွမြို့ကို စစ်ကောင်စီဘက်က ကြည်း၊ရေ၊လေ အင်အားအသုံးပြုကာ ခုခံခဲ့ပေမယ့် ရက်ပေါင်း ၁၅ ရက်ကျော်အတွင်း တိုက်ခိုက်ကာ AA က မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

မြို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်  တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ သံချပ်ကာတချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းအများ အပြားဖမ်းမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်းနဲ့ထိစပ်နေပြီး ရခိုင်ပြည်နယ်တောင်ဘက်အစွန်အဖျား မြို့ဖြစ်တဲ့ ဂွမြို့မှာ အခြေစိုက်တပ်ရင်းတွေ အဖြစ် ခမရ ၅၆၂နဲ့ ခမရ ၅၆၃တို့သာရှိပေမဲ့  စစ်ကူအမြောက်အမြားပေးပို့နေတဲ့ကြားကနေ AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

တိုက်ပွဲတွေအတွင်း တပ်မ(၂၂)တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်း၊တပ်ရင်းမှူးတချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင်အများအပြားသေဆုံးခဲ့ရတယ်လို့ စစ်သုံ့ပန်းတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ပြန်လည်ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း AA ဟာ ရခိုင်ပြည်နယ်မှာ ဂွမြို့ကို နောက်ဆုံးသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ မြို့အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။

AA ဟာ ရခိုင်ပြည်နယ်မှာ စစ်တွေ၊ကျောက်ဖြူ၊ မာန်အောင်တို့ကလွဲပြီး ချင်းပြည်နယ်က ပလက်၀မြို့ အပါအဝင်  ရခိုင်ပြည်နယ်က မြို့ပေါင်း ၁၄ မြို့ကို ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၉ရက်နေ့ ညနေပိုင်းမှာလည်း  အာရက္ခတပ်တော် AA က လက်ရှိ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး အခင်းအကျင်းတွေကို စစ်ရေးနဲ့ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အသင့်ရှိနေကြောင်း ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက်စစ်တပ် ဗုံးကြဲလို့ ကလေးငယ် ၅ ဦး သေဆုံး၊ ၇ ဦး စိုးရိမ်ရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ပျဥ်းမပင်ဆိပ်အနောက်ခြမ်းရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၅ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

ဖယ်ခုံအနောက်ဖက် စစ်ရှောင်စခန်း ၂ နေရာကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်၊ ၄ နှစ်အရွယ် ကလေးငယ်နှင့် မိဘနှစ်ပါး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဖက်က စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ - PK Police က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အသက်ထွက် ပြိုဆင်းဖို့ တာဆူနေသည့် မြန်မာစစ်တပ် ဒေသတွင်းနိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနှင့် လက်နက်အကူအညီများကို ပြန်လည်ရရှိနေဟု ယာယီသမ္မတ ပြောကြား၊ လက်ရှိ ခုခံတော်လှန်စစ်သည် “ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်းဆုတ်” အခြေအနေနှင့် ရှေ့ဆက်နေရဟု ဆို

တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ခုခံတော်လှန်စစ်ကြောင့် အသက်ထွက် ပြိုဆင်းဖို့ တာဆူနေတဲ့ မြန်မာစစ်တပ်က ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က နိုင်ငံတော်အဆင့်မဟုတ်ဘဲ ပြည်နယ်အဆင့် စီးပွားရေးဆွေးနွေးပွဲတစ်ခုသာဖြစ်ကြောင်း NUG ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။