စစ်ကောင်စီရဲ့ လေတပ်ဗိုလ်ကြီးတစ်ယောက်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်က ဗိုလ်ကြီး ၁ယောက်နဲ့ သူ့ရဲ့တပည့် ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်သာမြို့နယ်က လက်ဘက်ရည်ဆိုင်တစ်ဆိုင်မှာ လက်ဘက်ရည်ထိုင်သောက်နေတဲ့ စစ်ကောင်စီလေတပ်ဗိုလ်ကြီးနဲ့ တပည့်ကို ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်ရှင်းလင်းမှုကို PLA ရဲ့အနောက်မြောက်စစ်ဒေသ အမှတ် ၈၁၅ တပ်ဖွဲ့ က ဒီနေ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၇နာရီ၁၅မိနစ်အချိန်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ လေတပ်ဗိုလ်ကြီးဟာ စစ်ကောင်စီရဲ့ ဗိုလ်ကြီး ကြည်ဖေလင်းဖြစ်ပြီး လေတပ်ဗိုလ်ကြီး ကိုင်ဆောင်တဲ့ MA5 MK1 သေနတ် အပါအဝင် ကျည်ဆံတချို့နဲ့ ဖုန်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း စစ်​ကောင်စီတပ်ရင်းစခန်းများစွာ သိမ်းပိုက်ထားနိုင်၊ စကခ (၂၁) ကို ဆက်လက် ထိုးစစ်ဆင်နေ

၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ၃ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေ များစွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အခြေခံစစ်ပညာ သင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲ အခမ်းအနား

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အမှတ် (၁) စစ်ဒေသ၊ ယာယီဌာနချုပ်မှာ စက်တင်ဘာလ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ညောင်ဦးတွင် ဧည့်စာရင်းစစ်တာ အကြောင်းပြပြီး လူငယ်များကို အိမ်ပေါ်တက် ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့က ရပ်ကွက်တွေမှာ စစ်ကော်မရှင်က ဧည့်စာရင်းစစ်တာကို အကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မကွေးတိုင်း ပကဖ ရဲ့ ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း… (ဓာတ်ပုံသတင်း)

မကွေးတိုင်lအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က နယ်မြေထိန်းချုပ်ထားတဲ့ လွတ်မြောက်ရာတစ်နေရာမှာ “ပြည်သူ့ဆက်ဆံရေး ဆင့်ပွါးသင်တန်း”ကို မကွေးတိုင်း ပကဖ က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။