တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ ၊ တိုင်းစစ်ဌာနီ ဧရာဝတီ၊ အမှတ် (၂၉) ဗျူဟာ ကို ဒီဇင်ဘာလ ပထမပတ်အတွင်း ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းကိုယ်စားပြု စစ်ဗျူဟာတပ်ဖွဲ့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။
ဧရာ၀တီ အမှတ် (၂၉) ဗျူဟာ ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို အခြေခံထားတဲ့ တော် လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့အတွက် ဧရာဝတီ PDF အမှတ် (၂၉)ဗျူဟာ နဲ့ ရှေ့လျှောက် တော်လှန်ရေးခရီးကြမ်းကို လက်တွဲ ချီတက်သွားဖို့ မျှော်လင့် ယုံကြည်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ ပြည်သူ အားကိုးရတဲ့၊ လူထုကို အလုပ်အကျွေးပြုနိုင်တဲ့ မြစ်ဝကျွန်းပေါ် စံနမူနာပြ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါစေလို့လည်း ဆန္ဒပြုကြောင်း သဝဏ်လွှာမှာ ရေးသားထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်‌ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာတွေ အဆင့်ဆင့်နဲ့ တိုင်းစစ်ဌာန-ဧရာဝတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
တိုင်းစစ်ဌာန(ဧရာဝတီ)ရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ လက်တွဲပူးပေါင်းပြီး ကြိုးစားတည်ဆောက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။
0 Shares:
You May Also Like
Read More

မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ အများအပြား သေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ် Right Livelihood ဆုရှင်အဖြစ် Justice For Myanmar ရွေးချယ်ခံရ

Justice For Myanmar (JFM) အဖွဲ့က ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ရပြီး အဆိုပါဆုဟာ စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထုရဲ့ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်တာဖြစ်တယ်လို့ JFM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်နဲ့ ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့အချို့ စတင်ပြောင်းရွှေ့

ရန်ကုန် နဲ့ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသကတပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ဝက်လက်မြို့နယ်အရှေ့ခြမ်းတွင် ဒီဇင်ဘာတစ်လအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထိ ပြုလုပ်ခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၁၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ Wetlet Information Network ကဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

KNU တပ်မဟာ(၁) ဒူးသထူခရိုင်မှာ အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

ဘားအံတွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း လူ ၄၀၀၀ ခန့် ချီတက်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အာဏာသိမ်းစစ်တပ် ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများစွာ ဆန္ဒပြခဲ့ကြတယ်လို့ ကရင်လူငယ်အစည်းအရုံး (KYO) က ဖော်ပြထားပါတယ်။