ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ည ၈နာရီဝန်းကျင်ကလည်း မအူပင်မြို့ ၁၂ ရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ် ၅ယောက်ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
“ဧရာဝတီတိုင်းက အေးချမ်းနေတယ်ဆိုပေမယ့် လူမသိသူမသိ ပေါ်တာဆွဲခံနေရတာတွေရှိတယ်။ အလုပ်မရှိလို့ ထမင်းတောင်နပ်မှန်အောင် မစားရတဲ့သူတွေရှိသလို ထားစရာမရှိနိုင်လောက်အောင် ချမ်းသာနေတဲ့သူတွေလည်း အများကြီးပဲ။ ထားစရာမရှိအောင် ချမ်းသာနေတဲ့သူတွေကတော့ စစ်တပ် အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး လုပ်ချင်ရာ လုပ်ခွင့်ရနေသူတွေပဲ” လို့ မအူပင်မြို့ဒေသခံတစ်ယောက်က ပြောပါတယ်။
“အခုဆိုရင် စားဝတ်နေရေးအတွက် ညဘက်လမ်းဘေးမှာ လှည်းလေးတွေ ယာယီတဲလေးတွေနဲ့ စားသောက်စရာ ရောင်းချစားသောက်နေရသူတွေလည်း ဈေးသိပ်မရောင်းရတော့ဘူး။ လက်ရှိ ရခိုင်ဒေသတွေနဲ့ ရှမ်းပြည်နယ်တိုက်ပွဲတွေမှာလည်း မအူပင်ကနေ ပေါ်တာအဆွဲခံရပြီး စစ်ထဲပါသွားတဲ့သူတွေ သေကြတယ်” လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။
နီးကပ်နေတဲ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဧရာဝတီတိုင်းအတွင်း မြို့အဝင်အထွက်တွေမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး စစ်တပ်လက်ပါးစေတွေက ခရီးသွားပြည်သူတွေဆီက ငွေကြေးတောင်းယူမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ရခိုင်ပြည်နယ်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့အဝင်အထွက်တွေမှာ စစ်ဆေးတာတွေပိုမို့လုပ်ဆောင်လာနေပြီး အကြမ်းဖက်စစ်တပ်ရဲ ပြည်သူ့စစ်မီးသတ်နဲ့ စစ်တပ်သတင်းပေးလုပ်သူတွေက ခရီးသွားပြည်သူတွေနဲ့ ခရီးသွားယာဥ်တွေကို နေ့စဥ်စစ်ဆေးကာ ငွေကြေးတောင်းယူတာတွေပါရှိနေကြောင်း ခရီးသွားတွေဆီကနေ သိရပါတယ်
ပုံစာ – မအူပင်မြို့အဝင် စစ်ဆေးရေးဂိတ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ အရိုးပြာကို ကဝမြို့နယ် ပကဖ ဂူသွင်းပြီး အလံတစ်ဝက်ချ အလေးပြု

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ရဲဘော်ဗထူးရဲ့ အရိုးပြာကို ဂူသွင်းခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ အလံတစ်ဝက်ချ ဂုဏ်ပြုအလေးပြုခြင်း၊ ချီတက်အလေးပြုခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အဆင့်မြင့်လာပြီလား

စစ်ကောင်စီဟာ အရင်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့အခါ ရဟက်ယာဉ်၊ ဂျပ်ဖိုက်တာတွေကိုသာ အသုံးပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေး ဒရုန်းတွေကို တွယ်ကျယ်စွာ အသုံးပြုလာနေပါပြီ။
Read More

ထားဝယ်ခရိုင် ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တိုက်ခိုက်ရာ တပ်ကြပ်ကြီးအပါ ၃ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရာဖူးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဇူလိုင်လအတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့သူ ၁၀၄ ဦးကို အတည်ပြုထားနိုင်၊ အတည်မပြုရသေးသည့် သေဆုံးသူ ၁၄၀ ဦးရှိဟု AAPP ထုတ်ပြန်

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လ ၁ လတာအတွင်း အရပ်သားပြည်သူ ၁၀၄ ယောက် သေဆုံးခဲ့တာကို အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နေပြည်တော်က ဝန်ကြီးဌာနများအားလုံး ဧပြီလကုန်မှာ မူလအတိုင်းပြန်ဖွင့်နိုင်ရန် စစ်ကောင်စီ ဖိအားပေးလုပ်ဆောင်ခိုင်းနေ

ငလျင်ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားရတဲ့ နေပြည်တော်က ဝန်ကြီးဌာနအားလုံး ဧပြီလကုန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြောဆိုလိုက်ပါတယ်။
Read More

ပေါက်ခေါင်းတွင် မင်္ဂလာဆောင် နေအိမ်ကို စစ်တပ်ဗုံးကြဲလို့ ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာမှာ မင်္ဂလာဆောင် ကျင်းပနေစဉ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။