ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဂွမြို့က လက်ကျန်စခန်းဖြစ်တဲ့ အမှတ် (၅၆၂) ခြေမြန်တပ်ရင်း (ခမရ-၅၆၂)ကို အာရက္ခတပ်‌တော် (AA)က မနေ့က ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရခိုင်ပြည် တောင်ဘက်ဆုံးဖြစ်သလို ဧရာ၀တီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့ကို AA က ရခိုင်ပြည်နယ်မှာ ၁၄ ခုမြောက် မြို့အဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်း မောင်တော၊ အမ်းနဲ့တောင်ကုတ်မြို့တွေကို အာရက္ခတပ်တော်က ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်နယ်မြို့တော် စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
ဂွမြို့အတွင်း ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေဖမ်းဆီးတာတွေ၊ နယ်မြေရှင်းလင်းရေးတွေကို AA ဘက်က ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဂွမြို့ကို ဒီဇင်ဘာလလယ်မှာ AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ အလွယ်တကူ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် AA ဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေ အသီးသီးထုတ်ပြန်တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးနိုင်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ကြောင်း မန္တလေး အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့များကို ဆဲဆိုပြီး သီချင်းဆိုနေသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကော်မရှင်တပ်သားတွေ ဆဲဆိုပြီး သီချင်းဆိုနေချိန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မတ္တရာအရှေ့ခြမ်းတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲပြင်းထန်နေ… စစ်အုပ်စုက လေကြောင်းရော လက်နက်ကြီးပါ အဆက်မပြတ် အသုံးပြုနေ

မနေ့ တမြန်နေ့က မတ္တရာအရှေ့ခြမ်းမှာတိုက်ပွဲ အတော်ပြင်းတယ်။ နေ့ရောညရော လက်နက်ကြီးသံတွေညံနေတာ။ ဖိုက်တာနဲ့လည်းပစ်တယ်။ စကစက တိုးလာလိုက် ကိုယ့်ဘက်ကပြန်တိုး လိုက်နဲ့ပေါ့။" လို့ Voice Of Mandalay တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲတပ်စခန်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Tavoy People Liberation Force - TPLF အဖွဲ့ဆီက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေး၊ အသက် ၁၅ နှစ်အပါ စစ်သုံ့ပန်း ၃ ဦးဟာ ပေါ်တာဆွဲ စစ်မှုထမ်းစေခိုင်းခံရသူများဖြစ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ယောက်ကို ဇူလိုင်လ ၁၁ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။