မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၂၇ ရက် မနေ့က တောင်သာမြို့နယ် ၊ သပြေပင်ရွာအနောက်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က Mi 35 ရဟတ်ယာဥ်နဲ့ပါ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို G3 ကျည်ဘောက် 2 ဘောက်၊ လက်ပစ်ဗုံး 3 လုံး၊ ကျည် 80 တောင့်၊ 40 မမ သီး 1 လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းကလည်း ရဲဘော် ဇင်မင်းထိုက်(ခ)ထိုက်ကြီး ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး တာဝန်ယူ၊ တာဝန်ခံနိုင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ယုံကြည်မှုတည်ဆောက်ရန် အသင့်ရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး အပြည့်အဝ သဘောတူတာဝန်ယူ၊ တာဝန်ခံနိုင်တဲ့ ဘယ်လို အဖွဲ့အစည်းကိုမဆို ယုံကြည်မှုတည်ဆောက်ဖို့ အသင့်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ယောဒေသမှာ စစ်ကောင်စီသတင်းပေးတွေကြောင့် လေကြောင်းတိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ခပ်စိပ်စိပ်ဖြစ်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်က ကံချောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခဲ့တဲ့ ဖြစ်စဉ်ဟာ စစ်တပ်လော်ဘီတွေရဲ့ ဒလန်လုပ်သတင်းပေးမှုကြောင့်ဖြစ်ပြီး အရပ်သားပြည်သူတွေ သတိထားကြဖို့ ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။
Read More

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီး မွန်အမျိုးသားညီလာခံကို မော်လမြိုင်မှာ ကျင်းပမည်…

မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြန်မာ့အရေးမှာ တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကိုဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်း ပြော

မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေဖို့  တရုတ်နယ်နိမိတ် အခြေပြုပြီး မြန်မာကို ဆန့်ကျင်နေသူတွေကို တရုတ်က လက်မခံဘူးလို့ သတင်းစကားပေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

ရေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်ကျဆုံးတွေမှု ရှိခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။