ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) – YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါစုံညီအစည်းအဝေးကို တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဖိတ်ကြားထားတဲ့ အရပ်ဖက် အကြံပေးအဖွဲ့ဝင်တွေ၊ မဟာမိတ်တပ်ဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှေ့တန်းရောက်ရဲဘော်တွေနဲ့ နေရာဒေသအသီးသီး ရောက်ရှိနေတဲ့ ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ YPDF က ဆိုပါတယ်။
စုံညီအစည်းအဝေးမှာ တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအပါအဝင် အဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ နှစ်ပတ်လည်လှုပ်ရှားဆောင်ရွက်ချက် အစီရင်ခံစာတွေ၊ ဘဏ္ဍာရေးဌာနရဲ့ ဝင်ငွေထွက်ငွေအစီရင်ခံစာတွေ၊ ဗဟိုစစ်ကော်မရှင်၊ ဗဟိုတရားရေးနဲ့ လှုပ်ရှားစစ်ကြောင်းတွေရဲ့ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတွေ တင်သွင်းဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
တပ်ဖွဲ့အတွင်း တစ်နှစ်တာ စံပြတပ်သားဆု (၁) ဆု (၁၀၀,၀၀၀) ကျပ်၊ ဘက်စုံထူးချွန်ဆု (၁) ဆု (၅၀,၀၀၀) ကျပ်၊ တပ်သားကောင်းဆု (၃) ဆု (၅၀,၀၀၀) ကျပ်စီ၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှု (၅) ဆုအတွက် ပုဆိုးတစ်ကွင်းစီ စတဲ့ဆုတွေကိုလည်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌက တပ်ဖွဲ့ ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး YPDF အနေနဲ့ ဒေသတွင်း သွေးစည်းညီညွတ်ရေး၊ စစ်ကောင်စီ ကင်းစေရေး တို့ကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီဆီ မတရားစစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်…

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

စစ်ကိုင်းတိုင်း ဇီးကုန်းမြို့အတွင်း အရက်ဝယ်ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးခဲ့တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံး လုပ်ဆောင်ပေးခဲ့

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာလအတွင်း ဗီဇာမဲ့ အဖမ်းခံရတဲ့ မြန်မာ ၁၄ ယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

KIA ပစ်ချလိုက်သည့် စစ်ကောင်စီ ရဟတ်ယာဉ်တွင် အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ထား

အခုရက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ ပစ်ချနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်မှာ အိန္ဒိယနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားတာကို တွေ့ရတယ်လို့ စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေအကြောင်း မျှဝေလေ့ရှိတဲ့ Tactical Raptor 2.0 ကနေ ဖော်ပြလာပါတယ်။
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။