မကွေးတိုင်း၊ ယောဒေသမှာ ချင်းပြည်တောင်ပိုင်းတိုက်ပွဲတွေအပြီး စိမ့်ဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပိုမိုလု​ပ်ဆောင်လာကြောင်း ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ချင်းညီနောင် မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အဖမ်းခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိသလို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းက ဆောနဲ့ ကျောက်ထုအမြောက်တပ်တွေထဲ ဝင်ရောက်လာတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄) က ထွက်ပြေးလာတဲ့ စစ်သားတွေနဲ့ မိသားစုဝင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗျူဟာအမှတ်-၈၁ ယောဗျူဟာ က ဒီဇင်ဘာလ ၂၇ ရက် မနေ့က သတင်းထုတ်ပြန်ထားပါသေးတယ်။
ချင်းပြည်၊ ကန်ပက်လက်မြို့က ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်နီးပါးဟာ မကွေးတိုင်း၊ ဆောမြို့နယ်၊ ဦးဖိုးလှိုင်ခန်းမဆီ ဒီဇင်ဘာ ၂၅ ရက်မှာ ရောက်ရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။
“ကန်ပက်လက်နဲ့ မင်းတပ်က လာတဲ့စခတွေကို တော်လှန်ရေးအင်အားစုတွေ ဖမ်းမိတာလည်းရှိတယ်ဆိုပေမယ့် ကျောက်ထုတပ်ထဲ ဝင်နေတာတွေလည်း ရှိပါသေးတယ်။ မင်းတပ်က ထွက်ပြေးလာတဲ့ စခ ၇ ကောင် ကျောက်ထုတပ်ထဲ ဝင်သွားတာတော့ အတည်ပြုလို့ရပါတယ်။” လို့ ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကိုပြောပါတယ်။
ချင်းပြည်တောင်ပိုင်းစစ်ဆင်ရေးတွေပြင်းထန်နေချိန်ကတည်းက နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသမှာလည်း လက်နက်ကြီးပစ်ခတ်တာတွေစိပ်လာသလို ကျောက်ထု၊ အမတ-၃၆၈ အမြောက်တပ်နဲ့ ထီးလင်းတပ်တွေဆီ Mi35 ၊ Mi17 ၊ Y-8 လေယာဥ်တွေနဲ လက်နက်ရိက္ခာ အင်အားဖြည့်တင်းပေးတာတွေလည်း ရှိနေပါတယ်။
ဒီဇင်ဘာ ၂၆ ရက် ညပိုင်းကလည်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ကနေ ပစ်ခတ်လိုက်တဲ့ ၁၂၀ မမလက်နက်ကြီး ၁ လုံးထိမှန်ခဲ့လို့ ရှုံးရှီရွာနေ အမျိုးသားမြေးအဘိုး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၂၇ ရက်ကလည်း ဂန့်​ဂေါမြို့ ခလရ ၅၀ တပ်ထဲကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့လို့ မြစ်သာမြစ်အ​နောက်ဘက်ကမ်း၊ ဇယောရွာက နေအိမ် ၁ လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ယောက်ထိမှန်သေဆုံးခဲ့ပါသေးတယ်။
“ကျောက်ထုနဲ့ ဂန်ဂေါက လက်နက်ကြီးထုတာ စိပ်လာတယ်။ ကျန်တဲ့နေရာတွေကတော့ ပုံမှန်ပေါ့နော်။ လက်နက်ကြီးက ညဘက်တွေပါ ထုတာ။ အခုနောက်ပိုင်း ဒရုန်းတွေလည်း သုံးလာတယ်။ လေကြောင်း အဓိကထားသုံးလာတာပေါ့။ အခု မင်းတပ်နဲ့ ကန်ပက်လက်က စခတွေ ဒီယောနယ်ဘက်ထွက်လာတာရှိတော့ တော်လှန်ရေး အင်အားစုတွေအနားကပ်မရအောင် အခုလိုလက်နက်ကြီးထုနေတာလို့ ပြောရမယ်။” လို့ ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၂၇ ရက် မနေ့ကလည်း ကျောက်ထုအမြောက်တပ် အမတ-၃၆၈ ထဲ စစ်ကောင်စီက Mi17 ထောက်ပို့ရဟတ်ယာဥ်တွေနဲ့ တပ်သား ၁၀၀ နီးပါးနဲ့လက်နက်ခဲယမ်းတွေ ဖြည့်တင်းပေးခဲ့ပြီး တပ်ထဲရှိနေတဲ့ မိသားစုဝင်တွေကိုလည်း ဆိပ်ဖြူ ကပစ ၂၁ ကို ပို့ဆောင်လိုက်ကြောင်း ယောအလင်းတန်းက ဖော်ပြထားပါတယ်။
ပုံစာ – စစ်ကောင်စီ ရဟတ်ယာဥ်တစ်စီး (ပုံဟောင်း)
0 Shares:
You May Also Like
Read More

မင်းကင်းမြို့နယ် ရွှေမျှောလုပ်ငန်းနေရာကို စစ်တပ် လေကြောင်း ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦး သေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ရွှေမျှောလုပ်ငန်းနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းကင်း နွေဦးတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဖဲဝိုင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး သေနတ် ၅ ချက် ပစ်ခံရပြီး နေရာတင် သေဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်မှာ ဖဲဝိုင်းက ပြန်လာတဲ့ အမှတ် (၉) ရပ်ကွက် (ဖအောင်ဝဲ) အုပ်ချုပ်ရေးမှူး ခင်ဝင်းကို လမ်းပိုင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Nine Stars Underground Force , Bago Region တာဝန်ရှိသူ မြွေပွေးက မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

၆ နှစ်ကြာ တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ်သား အလင်းဝင်ကာ PDF နှင့်အတူ တိုက်ပွဲဝင်မည်ဟု ဆို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ယောက် ညကင်း တာဝန်ကျချိန် ထွက်ပြေးရင်း နေပြည်တော် PDF တပ်ရင်း (၉၀၁) ထံ လက်နက်ကျည်ဆံတွေ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ တိုက်ပွဲမရှိတဲ့ မြေတိုင်းရွာကို စစ်တပ်က ဗုံးသီး ၄၀ ကျော် ကြဲချတိုက်ခိုက်လို့ ၆နှစ်အရွယ် မိန်းကလေးငယ် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃ ယောက်ရှိတယ်လို့ Special Task Force Ngazun အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။