ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) ရဲ့ စစ်ဦးစီးချုပ်က လိုက်လံကြည့်ရှုအားပေးခဲ့တယ်လို့ CDF – Mindat က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
ဒါ့အပြင် မင်းတပ်မြို့ပေါ်ရှိ ပြည်သူ့နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖျက်စီးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကိုပါ CDF-Mindat က ထုတ်ပြန်ထားတာပါ။
နိုဝင်ဘာ ၉ ရက်ကစတင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ခလရ ၂၇၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်သုံ့ပန်း ၁၅၀ ထက်မနည်းနဲ့ ဟောင်ဝစ်ဇာအမြောက်တွေအပါ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်အဖွဲ့၊ မုံရွာခရိုင်အမှတ် ၃ တပ်ရင်း၊ Yaw Defence Force – YDF ၊ Yaw Army (YA) တို့ အတူတိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ကူ၊ လက်နက်ခဲယမ်းပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့အတူ စစ်ဆင်ရေးအောင်မြင်အောင် လုပ်ဆောင်ခဲ့နိုင်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကိုင်းငလျင်ကြီး ၅ လပြည့်ရန် ၃ ရက်အလိုတွင် မန္တလေး Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၇ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၇ လောင်း ထပ်မံတူးဖော်ရရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်ကြည်ပြာအမှု အမှန်တရား ဖော်ထုတ်မည်ဟု ဒေါက်တာဇော်ဝေစိုး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။
Read More

စစ်ကောင်စီ ထုတ်လုပ်တဲ့ MTX-1A နှင့် MTX-1B လေယာဉ်တွေ စစ်ရေးမှာ ဘယ်လောက်ထိ အသုံးဝင်နိုင်လဲ

စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ စစ်မှုထမ်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းများနှင့်တကွ အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်သား(၃) ယောက် လက်နက်တွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၉) ဆီ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူမြို့နယ် စစ်ဆေးရေးဂိတ်ရှိ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား ၄ဦး သေပြီး တော်လှန်ရေးဘက်မှ စစ်ကြောင်းမှူး ကျဆုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်စခန်းက စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းထံက သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်၊ ကလေးငယ် ၄ ဦးအပါ ၁၀ ဦးသေဆုံး

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ နှမ်းခါးကျေးရွာရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ် ၄ ယောက်အပါအဝင် အရပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။