မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ညောင်ဦးမြို့နယ်အနောက်ပိုင်းမှာ တစ်ညအတွင်း ဓားပြတိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အမျိုးသား၂ ယောက် ​အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓားပြမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၂ရွာလုံးဟာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (ခေါ်) ပျူစောထီးတွေ စိုးမိုးရာ နယ်မြေဖြစ်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။

“ည ၇ နာရီမှာ မြို့သာရွာကအိမ် ဓားပြတိုက်ခံရတယ်။ မကြည်ဝင်းဆိုတဲ့ အမျိုးသမီးရိုက်နှက်ခံရပါတယ်။ နောက် ည၈နာရီကျတော့ ကြအိုရွာက ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင် အတိုက်ခံရတာ.. ဓားပြတွေကဆိုင်ရှင် သားအဖ ၂ ယောက်လုံးကို သတ်သွားပါတယ်” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၇ရက်နေ့ကလည်း ချောက်-ညောင်ဦး ကားလမ်းမပေါ်မှာရှိတဲ့ မေရီမြင့် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသမီး ၂ယောက် သတ်ဖြတ်ခံရကာ ငွေကျပ်သိန်း ၅၀၀ ကျော်ကိုလည်း ဓားပြတွေက ယူဆောင်သွားတယ်လို့သိရပါတယ်။

“ဓားပြတွေက  များသောအားဖြင့် Alphad ကား ဒါမှမဟုတ် Mark 2 ကား သုံးတယ်လို့သိထားရတယ်ပေါ့နော်။ ၂၆ရက်နေ့ကတော့ ဆိုင်ကယ်၄စီးနဲ့ လူတွေကတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ရုပ်ရည်အနေအထားအရ အတူတူပဲတဲ့။ ဓားပြမှုတွေ အကုန်လုံးကို ဒီတစ်ဖွဲ့တည်းလုပ်နေတယ်လို့ ကျနော် ကောက်ချက်ချပါတယ်။ နောက်ပြီး အဲ့ဘက်နယ်မြေအနေအထားက ပျူစောထီးတွေစိုးမိုးထားတော့ ကျနော်တို့တွေ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေဆဲပါ။ နောက်ပြီး ပျူတွေကလည်း ရွာခံတွေမဟုတ်ဘူး။ ညောင်ဦးမြို့ပေါ်က စစ်တပ်လက်နက်ပေးထားတဲ့ ပျူတွေပါ။ ဒီဓားပြမှုတွေကိုလည်း ဒီကောင်တွေက မဖမ်းဘဲ လုံးဝလွှတ်ထားတာ။ PDF တွေ ပုံရိပ်ကျအောင်ရယ် သူတို့လည်းငွေရ​တဲ့ သဘောပေါ့” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောခဲ့ပါတယ်။

ဒီ​လိုမျိုးဖြစ်စဥ်တွေအပေါ် စစ်ကောင်စီက တာဝန်ယူဖြေရှင်းနိုင်တာမျိုးမရှိသလို ပျူစောထီးအားကောင်းရာကျေးရွာတွေမှာဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဖြေရှင်းနိုင်ဖို့ကြိုးစားနေတယ်လို့လည်း ကိုဇီးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းအတွက် ပစ်မှတ်ထား ဖမ်းဆီးတာတွေ များလာသလို ခိုးဆိုးလုနှိုက်တွေရဲ့ ဓားပြမှုတွေမှာ စသုံးလုံးအရာရှိတွေက ခွဲဝေယူတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပရန် နယ်လှည့်စစ်ဆေးနေသည့် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ရာ မြို့နယ်မှူး တဦးအပါ ၈ ဦး သေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရမိ

အတုအေယာင် ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပနိုင်ဖို့အတွက် မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲကို လှည့်လည် စစ်ဆေးနေတဲ့ စစ်အုပ်ရဲ့ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

ထီးခီးဗျူဟာစခန်းကို KNLA၊ PDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးခီးဗျူဟာစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ကြောင်း Force For Federal Democracy -FFD က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီကို ICC ထံပို့ပြီး ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်မှသာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခက ကင်းလွတ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလကိုတောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကုလက လွှဲပြောင်းပေးပြီး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အမြန်ဆုံး ပြစ်ဒဏ်ကျခံဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။