ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ရဲဘော်(၇) ယောက်က ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းကနေ နိုဝင်ဘာ ၉ ရက်မှာ ၁ ယောက်၊ ၁၆ ရက်မှာ ၁ ယောက်၊ ၂၂ ရက်မှာ ရဲဘော် ၄ ယောက်နဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ၁ ယောက် စုစုပေါင်း ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီမြို့သိမ်းစစ်ဆင်ရေးအတွင်း မုံရွာခရိုင် အမှတ် ၃ တပ်ရင်းက ပြင်းထန်ဒဏ်ရာရသူ ၃ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၉ ယောက်နဲ့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူ ၂ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

“မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ရဲဘော် (၇)ယောက် ပေးဆပ်ကျဆုံးခဲ့ရပြီး ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကိုပဓာနမထားပဲ အောင်ပွဲတွေရရှိအောင် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကိုလည်း ဦးညွှတ်ဂုဏ်ပြုအလေးနီပြုပါတယ်”လို့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်

မုံရွာခရိုင်အမှတ် ၃ တပ်ရင်းဟာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်အဖွဲ့၊ Yaw Defence Force – YDF ၊ Yaw Army (YA) တို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး ရက္ခိုင့်တပ်တော် AA ရဲ့ စစ်ကူ၊ လက်နက်ခဲယမ်းပစ္စည်းတွေနဲ့ စစ်ရေးဆိုင်ရာ အကြံဉာဏ်တွေနဲ့အတူ စစ်ဆင်ရေးအောင်မြင်အောင် လုပ်ဆောင်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက်ကစတင်ခဲ့တဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ခလရ ၂၇၄ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်သုံ့ပန်း ၁၅၀ ထက်မနည်းနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KIA ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ကို ရွှေကူမြို့အနီး တောတွင်းတစ်နေရာမှာ ရှာဖွေတွေ့ရှိ၊ ရဟတ်ယာဥ်ပေါ်ပါသူ အကုန် သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စီးကို KIA တပ်ဖွဲ့က ဒီကနေ့ ပစ်ခတ်ခဲ့ရာ ၂ စီး ထိမှန်ကာ၊ ၁ စီး ပျက်ကျသွားခဲ့တယ်လို့ သိရှိရပြီး၊ အဆိုပါ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို ရွှေကူမြို့နယ် စည်ငန်းရွာအနောက်ဘက် တောထဲမှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရော ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ်​အပါအဝင် ၂ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် တစ်ဦး သေဆုံး ၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက်မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်ဖို့ ကြိုးပမ်းခဲ့တဲ့ ဗကသများအဖွဲ့ချုပ် ဥက္ကဌနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံတို့ကို တာဝန်ကနေ ထုတ်ပယ်

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ အောင်ပြည့်စုံဖြိုးနဲ့ ဗဟိုစည်းရုံးရေးကော်မတီ ဘဏ္ဍာရေးတာဝန်ခံ ရှိုင်းဝဏ္ဏအောင်တို့ကို ရန်ပုံငွေအတွက် KTV လုပ်ငန်းဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် တာဝန်ကနေ ထုတ်ပယ်အရေးယူလိုက်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး ကြဲချလို့ အရပ်သား (၃) ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ ပေါင် (၅၀၀) ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ရာ အရပ်သား (၃) ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။